ချစ်သူ (Kitty Yang)
ချစ်သူ
ချစ်ခြင်းမှာမာနဆိုတာ
မရှိသင့်တဲ့အရာပါကွာ
စိတ်ကောက်တယ်ဆိုတာ
အချော့ခံချင်လို့ပါ
ဒါပေမယ့် ချစ်သူ
ဒါတွေမင်းမသိတာတော့
ခံပြင်းတယ်။
ချစ်သူ
ငါငိုရင်ဝမ်းနည်းတယ်ဆို
ငါ့မျက်ရည်တွေ မင်းရှေ့မှာ
ကျစေချင်လိုက်တာ
ဒါပေမယ့် ချစ်သူ
မင်းမျက်နှာကို မြင်ရင်
အလိုလို အပြုံးပန်းတွေ
ပွင့်ဖူးတယ်။
ချစ်သူ
နှလုံးခုန်နေသရွေ့
ချစ်နေမယ်ဆို
အခုချိန်မှာတော့
“ဟုတ်သေးရဲ့လား” လို့
မေးချင်လိုက်တာကွာ
ဒါပေမယ့် ချစ်သူ
မင်းရဲ့မျက်နှာ
ညှိုးသွားမှာ စိုးမိတယ်။
ချစ်သူ
ငါက ပျော်ရွှင်မှုတွေ
ယူဆောင်လာတယ် ဆို
အခုတော့ မဟုတ်တော့ဘူးတဲ့လား
ဝမ်းနည်းမိပါတယ်
ဒါပေမယ့် ချစ်သူ
နားလည်မှုနဲ့အတူ
မင်းကို ပျော်ရွှင်ခြင်းတွေပဲ
ပေးတော့မယ်။
ချစ်သူ
ငါဟာမင်းအတွတ်
တန်ဖိုးမဖြတ်နိုင်ဘူးတဲ့လား
ဒါပေမယ့် ချစ်သူ
ငါ….. ယုံကြည်မှုတွေ လျော့ပါးလာပြီ
ငါဟာ မင်းရဲ့ ရတနာ မှ
ဟုတ်သေးရဲ့လား လို့
ထပ်မေးပါရစေ။
၁၉.၁၁.၂၀၀၇
Comment #3
ကြိုက်တယ်။
ကူးလိုက်တယ်နော်
custom message ထဲမှာထည့်ထားချင်လို့
ခွင့်ပြုနော်။

Comment #5
a Yan Kaung pr tal

Comment #6
အခုလိုအကောင်းဆုံးလုပ်ပေးထားတာကျေးဇူးတင်ပါတယ်ဗျာ

Comment #7
နောက်ဆုံးအပိုဒ်ကစာသားလေးကို…..အ၇မ်းကြိုက်တယ်…..heart ထိတယ်…..

Comment #8
အားလုံးကိုကြိုက်ပါတယ် ဆက်လက်ကြိုးစားပါ အားပေးမယ်လေ

Comment #10
ဒီကဗျာလေးလည်း ကြိုက်တယ်
ချစ်မိ၇င် ဒီလို ပဲလားနော် အားလုံး ၇ဲ့ စိတ်တွေလေ
သူ ကို့ ကြောင့် တခုခု ထိခိုက်၇မှာ စိုး စိတ်တွေ နဲ့ 

Comment #11
စိတ်ကောက်တယ်ဆိုတာ
အချော့ခံချင်လို့ပါ
ဒါပေမယ့် ချစ်သူ
ဒါတွေမင်းမသိတာတော့
ခံပြင်းတယ်။
ဂွတ်ဒ် တယ်ဗျာ . . . ။

Comment #14
အင်း ကလေးကလည်း ကလေးအဆင့်ကို ကျော်ပြီး သိပ်ကို လူကြီး ဖြစ်နေပါလား။ ဟဲဟဲ နောက်တခါ ဝတ္ထုရေးရင် ကြောင်ငနဲမလေး အကြောင်းပါအောင်ကို ရေးဦးမယ်ကွ။ ကဗျာကောင်းတယ် ညီမလေး။ အားပေးသွားတယ်။
ချီရွန် ( ပုလဲ )

Comment #17
မိုက်တယ်ဗျား)

Comment #18
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

Comment #19
စာသားတွေကောင်းပါတယ်….
လက်တွေ့တစ်ခုပြောပြမယ်….. တကယ့်အဖြစ်ပေါ့….
ဘာလဲ….သိလား…..ဒို့ချစ်သူရှေ့မှာ… A 4 စာရွက်ပေါ်မှာ… ဆော့ပင်နဲ့
စာလုံးအကြီးကြီး ရေးဘူးတယ်……
…..စိတ်ကောက်နေသည်… ချော့ပါ…..လို့ပေါ့
ချစ်သူက……ပြန်ပြောတယ်လေ… ငါကနင်မအားလို့ငါ့ကိုစကားမပြောတာလို့ထင်နေတာတဲ့……
ကဲ… ကောင်းကြသေးရဲ့လားအရပ်ကတို့ရေ

Comment #22
အကိုယ့် ကဗျာကောင်းတယ် အမှန်တွေကြီးပဲ ကျနော်ကောင်မလေး စိတ်ခဏခဏဆိုးတယ်

Comment #23
really really excellent.
chit tay ye lar?
he,,he,,

Comment #24
ကဗျာခေါင်းစဉ်လေးကိုက အရမ်းကိုဆွဲဆောင်မှု.၇ှိပါတယ်….၇ှယ်သွားတယ်နော်……

Comment #25
အရမ်းအရမ်းကို မိုက်တဲ့ ကဗျာလေးပါ.. ဆက်ကြိုးစားနော် ကစ်တီ…

Comment #26
read again.
ask again.chit tay ye lar?

Comment #28
ငါအတွက်တော့ ဒိထဲကထက်ပိုရင်တောင်ပိုနေဦးမယ် လောကကြီးကငါ့ကိုတော်တော်လေးရက်စက်တယ်နော်

Comment #29
po taung toe lar par de,

Comment #30
ei lay sate kauk nay le ta khar hma ma chauk khan ya phu par…
thu ka daw daw lay chit pone pe,,,ha,,ha,

Comment #31
ကြိုက်လို့ ကူးသွားတယ်နော်…

Comment #32
very good!!!!!!!!!!!

Comment #33
ိကြိုက်လို့ကူသွားတယ် ကဗျာေ၇းရတာကိုကျွန်တောလဲဝါသနားပါယတ်နော်သိလား

Comment #35
ကြိုက်လို့ကူးလိုက်ပါတယ်
စိတ်မ၇ှိပါနဲ့နော်

Comment #36
ကောင်းပါတယ်
ဒါပေမဲ.နည်းနည်းလေးလိုနေတယ်…….အောက်ဆုံးစာမှာထပ်မေးပါရစေ…ဆိုတော.စပ်ဖို.၇ှိ.သေးလား…………ခင်ဗျာ…………mr.showe

Comment #37
ကူးထားတာတော.ခွင်.လွှတ်ပါနော်

Comment #38
တကယ်ကို ကောင်းလိုက်တာ ချစ်သူကို အပြေးပို့ပေးလိုက်ချင်တယ် ခွင့်ပြုတယ်မလား

Comment #41
Ayan mite tal pyar ayan kyite tal

Comment #42
ကျနော်ကတော့ ကဗျာမရေးတက်ဘူး..ဒါပေမယ့် ကဗျာ ဖက်တာ ဝါသနာပါတယ်..ဟီး…ကူးတာလဲ ဝါသနာပါတယ်…ချိတ်ချိုးနဲ့နော်..ကူးသွားပီ…ကျေးဇူး…

Comment #43
ရက္ခိုင် ကျောက်ဖြူ ဗုဓ္ဒ

Comment #44
သူငယ်ချင်းကိုလက်ဆောင်ပေးချင်လို့ကူးလိုက်တယ်နော်။အရမ်းကောင်းလွန်းနေလို့ပါ။ခွင့်ပြုပါ

Comment #45
😛
😛
😛

Comment #1
I like this poem very much. I want to copy and paste on my website. Can I?