“အချိန်ကျလာခဲ့ပြီ”
နွေအခါ
လောင်ကျွမ်းနေတဲ့ နေကို
အံတုပေမဲ့ ဘယ်လောက်ထိတောင့်ခံနိုင်မလဲ…
“အချိန်ကျလာခဲ့ပြီ..”
တစ်ဆောင်းတွင်းလုံး တွဲခိုခဲ့တဲ့
လွမ်းဆွပ်ဖွယ် ပင်ညွန့်လေးကိုနှုတ်ဆက်
“ဟုတ်ကဲ့.. ကျမသွားရတော့မယ်..”
စောင့်မနေပါနဲ့တော့..
အသစ်တွေကြား အပင်လေး
ဆက်ရှင်သန်ပါတော့။
ဒီတစ်နွေကုန်တော့..
မိုးရေစက်တို့လာမှာပေါ့ကွယ်။
ဟန်ဆောင်ကာ မာန်တင်းပေမဲ့
တစ်မြေ့မြေ့နဲ့ လောင်ကျွမ်း
ကျမ မျက်ရည် သူဘယ်မြင်လိမ့်မလဲ..
ဒါပေမဲ့
နှင်းဆိုတာ အချိန်တန်ရင်
ကျမြဲ ကျဆဲပါပဲ..
ဆောင်းလေအဝှေ့မှာ
လှပစွာ မယိမ်းမယိုင်ကနိုင်အောင်
နှင်းပွင့်လေးတစ်ပွင့်..
ပြင်ဆင်ရဦးမယ်။
နောင်တစ်ကြိမ်
သစ်ပင်တို့ အသက်မဲ့..
ကတ္တရာလမ်းတို့ထက်
ရော်ရွက်ဝါတို့ဖုံးတဲ့တစ်နေ့တော့
ကျမ ပြန်လာခဲ့မယ်။ ။
*Snowflake*
21/07/11 10.46 am (GMT)
Comment #2
snowflake
အရမ်းကောင်းပါတယ်။သုံးခေါက်ပြန်ဖတ်လိုက်ရတယ်။နားလည်သွားအောင်ပေါ့။
အားပေးပါတယ်ဗျာ…။
Comment #3
နောင်တစ်ကြိမ်
သစ်ပင်တို့ အသက်မဲ့..
ကတ္တရာလမ်းတို့ထက်
ရော်ရွက်ဝါတို့ဖုံးတဲ့တစ်နေ့တော့
ကျမ ပြန်လာခဲ့မယ်။ ။သိပ်လှတယ်ဗျ
Comment #4
တကယ်ကောင်းတဲ့ ကဗျာတပုဒ်ပါပဲ
Comment #7
so nice.
Comment #1
ကြွေတယ်ဗျာ…အားပေးသွားပါတယ်