တစ်ရေးနိုး အိပ်မက်မှ အပြန်
ကြယ်တာရာ တံခွန်ထက်ကိုမှ
တက်ကာကြွေးကြော်လိုက်ချင်တယ်..
ဘယ်ဆီကို ရောက်နေပါသလဲ..?
ရင်ကွဲသူတော့ ရူးတော့မည်..။
ဖူးပွင်ဝေစည်တဲ့ ပန်းခင်းတွေအကြား
လူးလန့်ပျံသွားနေရှာတဲ့ ချစ်လိပ်ပြာငယ်
အဘယ်မျှသူပျော်မည်နည်း..?
အမေးတွေသာ အခါခါ လွတ်တော့သည်။
မမေးပါနဲ့ ချစ်ငှက်ငယ်ရယ်
အသင်တို့လို ဘဝင်မဟက်နိုင်ပါဘူး
အချစ်ငတ် သံသရာဝယ်
ဘယ်အခါမှလွတ်ပါမည်နည်း။
မဟူရာ စိတ်မျက်လုံးနှင့်
အိပ်မက်တုန်း တွေ့ရချိန်
မေ့မရတဲ့ အဲဒီတစ်ခဏ
ချစ်သူ့ကိုပြန်တွေ့ရလို့
ပျော်ရှာနေ ခါသမယမှာပေါ့
အိပ်မက်ကလန့်ကာနိုးတယ်
ဆိုးလှပေါ့ ဒီလူ့စိတ်ထဲ…။
Comment #3
ဒီကဗျာဖတ်တော့ စိတ်ထဲ တမျိုးခံစားရတရ်..
ကောင်းတရ်… ဖိုးနမ်း comz ပေးခဲ့သလိုမျိုးအမလည်း နောက်ဆုံးစာသားလေးကို ကြိုက်တရ်…
By: sandi at Jul 23, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နောက်ဆုံးစာကြောင်းလေး ပိုကောင်းတယ်…ဒီကဗျာ ဖတ်မိတာ အသက်ကြီးသွားသလိုဘဲ