မာယာ မာနတိမ်တွေဖုံးနေသူသို့ –
စင်ပေါ်မှာ အသာရ
ဘ၀င်တော် မာနတွေနဲ့
အမြင်မတော် ငါကွလို့
ဆရာကျ အထာပြမနေနဲ့
ပြာကျရင်
ဘာမှမရတာ
သဘာဝ ဓမ္မပါ သူငယ်ချင်း ။
ဖြူစင်စွာ ရင်းနှီးတဲ့သူကို
ပူပင်အနာ မင်းမီးမွှေးလို့
နောက်ကျောကနေ
သဘောဆိုးနဲ့
ဓားနဲ့ထိုး
အညာတရားအမုန်းနဲ့
မာယာစကားလုံး
မစာနာ စာသားသုံးတဲ့
အရှုပ်ဇာတ်ကို
အဟုတ်မှတ်မနေနဲ့
မင်းရဲ့လုပ်ရပ်
ပုပ်စပ်လို့ ဟောင်ညှီ
အော်ဂလီဆန်သူများနေပြီ။
မင်းရဲ့သမိုင်း
ရိုင်းပြီးမကျန်ရအောင်
အမှားနွံနစ်
မတရားကျွန်မဖြစ်အောင်
အလှတရားရှင်း
ဘ၀မမှားယွင်း
ဓမ္မတရားနဲ့လင်းအောင်
သတိနဲ့ချပ်
အသိနဲ့ကပ်လို့ ပြုပြင်ကာ
အမှန်မြင်လမ်းကို မင်းလျှောက်လှမ်း
လက်ကမ်းလို့တို့ကြိုနေမယ် သူငယ်ချင်း ။
Comment #2
wow,,,,
different from others.
nice.

Comment #3
အားပေးသွားပါတယ်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းလိုက်တာ….
အားပေးနေပါတယ်…….