ငါ့နေရာမှာ…နင်ဆိုရင်(genius)
မင်းဘေးနားမှာ
ပံ့ပိုးပေးနိုင်မှု
ဖန်တီးပေးနိုင်သူ
အဆင့်သင့်ရှိနေတာပဲ။
ငါ့ရင်ကိုခွဲမယ့်ကောင်တွေက
မင်းဘေးနားမှာ ၀ိုင်းလို့။
အချစ်ကို ရှေ့တန်းတင်လွန်းတော့
ဘ၀က အောက်ကျလို့ကျမှန်းမသိ
လူတွေကတောင် ဟိုသတ္တ၀ါနဲ့နှိုင်းတယ်။
မင်းကိုချစ်တဲ့စိတ်နဲ့
အရာရာကို မျက်စိမှိတ်
လျှောက်လှမ်းပါတယ်။
နာသလားတော့ မမေးနဲ့
ရင်ဘတ်မှာ သွေးစက်တွေ။
ကျသလားတော့ မမေးနဲ့
နှလုံးသားမှာ မျက်ရည်တွေ။
ကွဲသလားတော့ မမေးနဲ့
အသည်းမှာ အက်ကြောင်းတွေ။
အင်း…….ဟုတ်တယ်။
ငါအပြောခံရသလို နင်ခံရရင်
ငါရင်ကွဲသလို နင်ရင်ကွဲရင်
ငါချစ်တတ်သလို နင်ချစ်တတ်ရင်
ငါ့နေရာမှာ……………နင်ဆိုရင်။
Comment #3
ပြောပြလို့တော့မဖြစ်သေးဘူး……….:D
Comment #4
အင်း………..
လူတိုင်းမှာဒီလိုကိုယ်ချင်းစာစိတ်များရှိခဲ့ရင်ဗျာ။
ဒဏ်ရာဆိုတာဘယ်ရှိဘာတော့မလဲနော်။
ကိုယ်ချင်းစာတက်တဲ့သူနဲ့တွေ့ပါစေနော်။
ဆုတောင်းပေးလိုက်ပါတယ်
Comment #6
အင်း..ဒါပေါ့ ခံစားတတ်ရင် မြင်ရပါတယ်.. 😀
Comment #7
မင်းကိုချစ်တဲ့စိတ်နဲ့
အရာရာကို မျက်စိမှိတ်
လျှောက်လှမ်းပါတယ်။
နာသလားတော့ မမေးနဲ့
ရင်ဘတ်မှာ သွေးစက်တွေ။
ကျသလားတော့ မမေးနဲ့
နှလုံးသားမှာ မျက်ရည်တွေ။
ကွဲသလားတော့ မမေးနဲ့
အသည်းမှာ အက်ကြောင်းတွေ။
I like very much.
Comment #8
အ၇မ်းကိုကောင်းပါတယ်
Comment #9
oh,,,,,,,,,
suffer pain so much?
wit so tar le hmar.
u’ll get what u give,fri.
on the other hand,she might not notice of u.
Comment #12
အားပေးတဲ့သူငယ်ချင်းများအားလုံးကျေးဇူးတင်ပါတယ်။
Comment #14
ဘာဖြစ်မလဲဟင်………………………………..
Comment #15
ngar nay yar hmar nin so yin,,,,,,,,,,,,,,,,
kou chin sar kyi pay par
Comment #17
(ငါ့ရင်ကိုခွဲမယ့်ကောင်တွေက
မင်းဘေးနားမှာ ၀ိုင်းလို့။)ဒီကောင်တွေကိုဘယ်လိုလုပ်ရင်ကောင်းမလဲ
Comment #19
အစ်ကို့ ကဗျာအားလုံးကိုကြိုက်တယ်ဗျာ
ဆက်ပြီးအားပေးနေမှာပါ ။
ကျန်တဲ့သူငယ်ချင်းတွေကိုမျှဝေချင်လို့
copy ကူးခွင့်ပြုပါ။ကျေးဇူးတင်ပါတယ်
အကို
Comment #1
ငါချစ်တတ်သလို နင်ချစ်တတ်ရင်
ငါ့နေရာမှာ……………နင်ဆိုရင်။
( နေရာမှာ ငါ ဆိုရင်………….အင်း…စဉ်းစားမယ်လေ)