အိမ်ပြန်ချင်တယ်
နေဝင်ရင်ကျေးငှက်တောင်
ပြန်စရာအိမ်ရှိတယ်အမေ
အိမ်ဆိုပေမယ့် အိမ်ရယ်မမည်
အထီကျန်မှုနဲ့ လက်ထပ်ထားတဲ့ 
ဟောဒီအိမ်ကနေ
ပဉ္စလက်ဆန်ဆန်
သားလည်းအိမ်ပြန်ချင်တယ်……
မာနနဲ့ ခင်းကျဉ်းထားတဲ့ လမ်းမှာ
ဆူးစူးတာမဆန်းပေမယ့် 
အဆိပ်တက်တာတွေများလာတော့ 
သားခြေဖဝါးတွေ
နာကျဉ်နေတယ်အမေ…..
ရိုက်ချိုးခံရတဲ့ ခြေထောက်က
ပြန်ထလို့ ရတယ်အမေ
ကျဆုံးသွားတဲ့ သားစိတ်ဓတ်တွေက
အမေမေတ္တာကိုတမ်းတနေတယ်…….
ဗီလိန်တွေမပါတဲ့ 
ဘဝပြဇာတ်မှာ
ဗီလိန်ဆန်ဆန် က ခဲ့ ပါတယ်
ကြားနေရတဲ့ လက်ခုပ်သံတွေက
မုန်းတီးရွှံရှာခြင်းတွေလား
ဟားတိုက်လှောင်ရယ်ခြင်းတွေလား
စာနာသနားတတ်ခြင်းတွေလား
ကြင်နာစွာအားပေးခြင်းတွေလား…..
ယုံကြည်မှုကသစ္စာဖေါက်ခဲ့ တယ်
အမှန်တရားတချို့ တဝက်နဲ့ 
သားသေဆုံးခဲ့ တာကြာပြီ
ဝင်သက်ထွက်သက်မှာသားမာနတွေ
လွင့် ပါသွားနေလိုက်တာ
အမေကိုမြင်စေချင်တယ်………..
အမေအ၇ိပ်မှာခိုလုံရင်း
ဆက်လျှောက်ရမဲ့ လမ်းမှာ
ခဏလောက်တော့ 
အမောဖြေပါရစေ
ကျွန်တော်ရေငတ်နေပြီအမေ…………….
Comment #2
အရမ်းကို ကောင်းပါတယ် ။
Comment #1
ကဗျာ နောက်ဆုံးအပိုဒ် စာငါးကြောင်းက အတော်လေးကောင်းပါတယ် ဒီကဗျာကိုဖတ်ရင်း ကျေးဇူးရှင် အမေ့ကိုသတိရမိလို့ comment ပေးခဲ့တဲ့ဗျာ။