သူရိတ်သိမ်းတဲ့ အိပ်မက်သစ်ပင်
သူရိတ်သိမ်းတဲ့ အိပ်မက်သစ်ပင်
ငါ့အဖျားသွေးကို
ဗိုင်းရပ်စ်တွေက စတယ်လို့
ဆိုမလား
နင့်အဆိပ်တက်နေခဲ့သူ
ငါ့အပြုအမူတွေကို
ခြေချင်းခတ်ပါ မိန်းကလေး……။
အဲ့သလိုပဲ
ငါဟာကျေနပ်
မနက်ခင်းတွေရဲ့အနွေးဓာတ်ဟာ
နင့်နှုတ်ခမ်းကကူးစက်
ငါ့ရဲ့အဖက်ဖက်သော အရပ်မျက်နှာတို့ဟာလည်း
နင်နဲ့ချည်း ပြည့်နှက်နေတော့
အိုး………….
မိန်းကလေးရေ
နင်ဆိုတာလေ
နွဲ့လျခြင်းနဲ့
ဖျိုး
ဖျောက်
တောက်
လင်း
ရင်ခုန်စေခြင်း မီးပွင့်တစ်ခက်
ငါ့ညဥ့်တွေကိုလက်စေခဲ့ပြီ။
လောကကြီးရဲ့
မမြင်ရတဲ့ကွန်ယက်တစ်ထောင့်မှာ
တို့နှစ်ယောက်တွယ်ငြိမိတော့
လူတွေဟြေတဲ့
မသေချာခြင်းဟာ
တို့ကိုနှိပ်စက်နေကြပေါ့
မိန်းကလေးရေ……..။
Comment #2
like this poem

Comment #3
ဟာ……… အာပေးသွားတယ်ဗျာ

Comment #5
မနက်ခင်းတွေရဲ့အနွေးဓာတ်ဟာ
နင့်နှုတ်ခမ်းကကူးစက်
ငါ့ရဲ့အဖက်ဖက်သော အရပ်မျက်နှာတို့ဟာလည်း
နင်နဲ့ချည်း ပြည့်နှက်နေတော့

Comment #6
ခံစားအားပေးပသည်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရင်ခုန်စေခြင်း မီးပွင့်တစ်လက်း)