ငါ့ …ရဲ့ ချစ်ခြင်း ဆိုတာ
အပြတ်ပြတ်နဲ့  နှာခေါင်းသွေးတွေထွက်ရတော့မယ်….
ဘာတွေကမှားယွင်းစေခဲ့တာလဲကွယ်
အမှား..အမှန်တွေ အတွက်တော့
ငြင်းချက်တွေထုတ်မနေချင်တော့ဘူး..
ငါ မှားတယ်ဆိုတာအတွက်တော့
သံသယမရှိပါဘူး….
ချစ်တာတစ်ခုတည်းအတွက်သာ
ယုံကြည်စေခဲ့ တာလေ…
လွဲမှားစေတဲ့ တွေးခေါ်မှုမျိုးတွေက
ဘယ်လောက်အထိတောက်ပစေခဲ့သလဲ
နားလည်မှုတွေ ရိုးရှင်းစွာကွဲလွဲခဲ့ တာပါ…
မင်း..သိစေချင်တယ်..ချစ်သူ..ရယ်
ငါ့ အတွက် ချစ်ခြင်းဆိုတာ
ဗီးနပ်စ်ရဲ့ ကဗျာတစ်ပုဒ်ပဲလေ…
ပြင်းရှတယ်….
နူးညံ့ တယ်…
တောက်ပတယ်…ပူပြင်းတယ်..
ချမ်းမြတယ်….
အဲဒါ….ငါ့ ချစ်ခြင်းတွေပဲ…ချစ်သူ
Comment #2
ငါ မှားတယ်ဆိုတာအတွက်တော့
သံသယမရှိပါဘူး….
ချစ်တာတစ်ခုတည်းအတွက်သာ
ယုံကြည်စေခဲ့ တာလေ…

Comment #4
လွဲမှားစေတဲ့ တွေးခေါ်မှုမျိုးတွေက
ဘယ်လောက်အထိတောက်ပစေခဲ့သလဲ
နားလည်မှုတွေ ရိုးရှင်းစွာကွဲလွဲခဲ့ တာပါ…ဒီစာသားလေးတော့ကြိုက်တယ်……….ကောင်းပါတယ်….မဆိုးပါဘူး
တနေ့တော့ဖြစ်လာမှာပါ

Comment #5
ပြင်းရှတယ်….
နူးညံ့ တယ်…
တောက်ပတယ်…ပူပြင်းတယ်..
ချမ်းမြတယ်……
သြော်…အချစ်….အချစ်….

Comment #6
oh………..
really perfect.
the art of loving.
how much is she proud of u?

Comment #1
အရသာကစုံလိုက်တာ
ခံစားချက်တွေပြင်းတယ်နော်
ချစ်သူနားလည်နိုင်ပါစေဗျာ
ဆုတောင်းပေးပါတယ်။