ကျဆုံးသွားသော အလံဖြူ
အစကတည်းက မကောင်းမှန်းသိခဲ့ရင်
ကျွန်မစောင့်နေခဲ့မှာ မဟုတ်ဘူး
အားမှ ကဗျာရေးတဲ့သူရယ်
မှားမှ ခဝါချတဲ့သူရယ်
ဒီနှစ်မျိုးနှစ်စားအတွက်
ကျွန်မ တံခါးတွေပိတ်ထားခဲ့ပြီးသား
စိုမှန်းသိမှ အေးမယ်
ငိုမှန်းသိမှ သနားမယ်ဆိုရင်
ကျွန်မ လက်အစုံ အလိုလိုဝှေ့ယမ်းပြီးသား
ထားခဲ့လို့ရပါတယ်
ဒါပေမဲ့ မဆဲမဆိုနဲ့ပေါ့
မှားခဲ့လို့လဲ ရသေးတယ်
ဒါပေမဲ့ မတောင်းပန်နဲ့တော့
ဗြူဟာတွေသုံးပြီးမှ
စနစ်တကျ တင်းမာခဲ့တာမဟုတ်လေတော့
သွားတော့ဆိုလဲ ချာခနဲပါပဲ
နေတော့ဆိုလဲ လာခဲ့မှာမဟုတ်တော့ဘူး
ရှေ့တူရှုက အမုန်းတရားတွေမမြင်နိုင်အောင်တော့
ကျွန်မမျက်လုံးတွေ မမှုန်သေးဘူး
တစ်ချိန်တည်းမှာပဲ တစ်ခါတည်းကြည့်သွား
မြင်လား တစ်လူလူလွင့်နေတဲ့အရာ
အဲဒါ မာနတံခွန်တဲ့
ကျွန်မ အမြတ်တနိုးကို စိုက်ထူပစ်ခဲ့တာ…….
ကြက်ခြေခတ်X
8x3x11
Comment #2
နေကောင်းရဲ့လားဗျာ……
အားပေးသွားပါတယ်။
By: moehtetaung18 at Jul 23, 2011
Comment #3
good……………..
By: May Kha at Jul 25, 2011
Comment #5
ကောင်းပါ့ဗျာ
By: နိုးဆက် at Mar 28, 2013
Comment #6
ကောင်းတယ်
By: မေပျို at Mar 28, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရှေ့တူရှုက အမုန်းတရားတွေမမြင်နိုင်အောင်တော့
ကျွန်မမျက်လုံးတွေ မမှုန်သေးဘူး
တစ်ချိန်တည်းမှာပဲ တစ်ခါတည်းကြည့်သွား
မြင်လား တစ်လူလူလွင့်နေတဲ့အရာ
အဲဒါ မာနတံခွန်တဲ့
ကျွန်မ အမြတ်တနိုးကို စိုက်ထူပစ်ခဲ့တာ…….သတိရလျှက်..အားပေးသွားသည်