ဂျော်ကြည်ဘဲ
တစ်ချို့များ စပါးပင်နေလို့
တစ်ခေါင်းလုံးသာ ပြောင်သလင်းခါ
ရှည်လိုက်တဲ့ မုတ်ဆိတ်က
သန်းတွယ်မယ်ဆို တွယ်လောက်ရဲ့
သြော်. . .တစ်လွဲဆံပင်ကောင်းနေပုံများ၊
အခုလဲငါ့ဘ၀ တောက်တစ်ခပ်ခပ်နဲ့
ုကြားလို့မှကောင်းကြသေးရဲ့လား
အရပ်ကတို့(သူတို့) ရေလို့
ရင်ဘက်စည်တီး ဟစ်ကြွေးလိုက်ချင်ရဲ့
သြော်. . .တစ်လွဲဆံပင်ကောင်းနေပုံများ၊
အမြှီးပေါက်တဲ့အရွယ် မလွန်ခင်မှာ
ကျော်သွားသူ နောက်ကားများရယ်ကြောင့်. . .
ဂေါ်မစွံ့ လူပျိုကြီးဘွဲ့ကိုရ၊
သရော်သူ ဘော်ဒါများကို
ငါလည်းလေ စွမ်းပါတယ်
လက်စွဲကာ ခေါ်ကာပြဖို့
တော်ကီတွေ အော်ကာကျင့်တယ်၊
မိန်းမမီးထွက် ယောက်ျားပုဇင်းတက်
ရှေးစာဆိုတွေရဲ့ စာချိုးလေးလို
သက္ကရဇ်တွေဖြိုချ စော်လေးတွေအရှေ့ငိုပြဖို့
တော်ကီတွေ အော်ကာကျင့်ခဲ့၊
ကြွေတစ်လှည့် ကြက်တစ်ခုန်
ရှေးကံအဟုန် စန်းထလို့ကြုံတော့
သွားလေရာအရပ်. . . နော့်ကိုလေ၊
အဟမ်း….အဟမ်း!… အနော့်ကိုလေ
စကားလိုက်ပြောသူကပြော…
ကားတင်ပြေးဖို့ ကြံသူကကြံ…
အပျော်ကြံချင် ကြံပါစေ သူတွေလည်း ထပ်…
ခက်တာက စော်မဟုတ် ဂျော်ဖြစ်နေတာ
သောက်ကောင်မတွေ အော်ထုတ်ရလည်းခက်
ကော်တုတ်ရလည်းရှက်နဲ့. . .၊
အမလေး. . . အမေရဲ့
အနော့်ကို ဘာများစားပြီးမွေးခဲ့လို့
စောမကြည်ဘဲ ဂျော်ကြည်ဘဲ ဖြစ်နေရတာလဲလို့
ှုငိုချင်းအရှည်ကြီးသာ ချလိုက်ချင်တော့။ ။ ။
နေ့သစ်
19.7.11
12.30 am to 4am
ွ
Comment #3
အာ…….ကြားရတာအဆန်ူးနော်…………….
Comment #6
ဟင်..ဒီကဗျာ ခုမှဖတ်ရတာပါ..ဘယ့်နှယ့် ……………….
ခေါင်းစဉ်လဲတမျိုးးး ကဗျာလဲတမျိုးးး
လူလဲတမျိုးးးးးးးးးးးးးး တမျိုးးးးတမျိုးးးးးးးးးးးးးး
(full stop အများကြီးချသလိုပဲ ဘာဆက်ရေးရမှန်းမသိလို့ :D)
အမှန်တိုင်းပြောရရင်တော့ ……………………………
Comment #1
ကဗျာတွေပြန်တင်တာတွေ့ရတော့ဝမ်းသာတယ်…..
ဆုတောင်းပေးလိုက်တယ်နော်……ကောင်မလေးတွေများများကြည်ပါစေ…….
😀