သန်လျင်စခန်းမှ မှန်နန်းရာဇဝင်
မျှော်တော် တောင်ကုန်းရှိရာဌာန
သန်လျင်မြေက ဒဏ္ဍာရီလို ရာဇဝင်နဲ့
နန္ဒာကိုယ်တော်ရဲ့ အဖြစ်ဆိုးနဲ့
မွှေးနန်းလို အချစ်မျိုးရဲ့
ရင်ကွဲစရာ…အဖြစ်တစ်ခုနဲ့သန်လျင်..။
စိုးထိတ်စွာ မျှော်ရှာသည့်
ငမိုးရိပ် စီးလာမယ့် ချစ်သူက
ဥက္ကလာပ မင်းရဲ့သားတော်
ကိုယ်တော်နန္ဒာ ဖြစ်ရတယ်..၊။
မြစ်တစ်ခွင်ကို အပိုင်စားပေးလို့
ခစား ဝတ်ပြုတဲ့ ကျေးဇူးသိတတ်သူ
မလက်တို ရဲ့ အမူကြောင့်
အကျိုးမလှတဲ့ အကြောင်းနဲ့
ငမိုးရိပ်မိကျောင်းရဲ့ ဖြစ်အင်ထူး…။
လိုရာခရီး မိကျောင်စီးလို့
ခရီးတွင်ခဲ့သူ မင်းနန္ဒာ
ဒီတစ်ခါမှာတော့ ကံကြမ္မာက
မျက်နှာသာမပေးပြီ…၊
ဘေးစကားကိုမှ ယုံမှားတဲ့ မွှေးနန်း
ယာလက်မောင်းအား ခေါင်းအုံးပြီး
ချစ်သက်သေပြစေခဲ့လို့…၊
ချစ်နေပေမယ့် လမ်းခွဲခဲ့ရ..
လွမ်းခါမှ ရင်ကွဲနာကျခဲ့တယ်…၊
ရင်ကွဲစရာ ကောင်းပါကလား…။
နောက်ဆုံးမှာတော့
သေရွာကို အတူသွားတဲ့အထိ
ချစ်ခဲ့ကြသူနှစ်ဦး…
ကောင်းကင်ထက်မှာ မီးခိုးချင်းပူးတဲ့
သန်လျှင်စခန်းမှ မှန်နန်းရာဇဝင်တစ်ခုပါ..။
ဇော်သက်ဦး
Comment #2
good,,,,,,,,,,,,
Comment #4
ပုံပြောပြနေသလိုပါပဲ ပုံပြင်ကိုကဗျာလေးကိုဖွဲ့သွားတာ
တကယ်ကောင်းတယ်
Comment #6
ပုံပြင်တွေလာပြောနေတာပဲ…..။
Comment #7
ကျေးဇူးပါဗျာ တကယ့်ကောငိးကောင်းဖွဲ့တတ်တာပဲ
Comment #1
ကဗျာဖတ်ရင်း.. ပုံပြင်ပါနားထောင်သွားတရ်နော်…