“ အလိုချင်မိဆုံးနဲ့အတောင်းတဆုံးအရာ” … ( လူဆိုး )
တကယ်တော့ … ငါဟာ
လှောင်အိမ်ထဲကငှက်ကလေးတစ်ကောင်ပါ ။
အတောင်ပံနှစ်ချပ်ကိုဆန့် … အလွတ်လပ်ဆုံးပျံဝဲပြီး
ချစ်သူဆီရောက်အောင်သွားဖို့
အားအင်တွေအပြည့်အဝရှိခဲ့ပေမဲ့လည်း
ရေမြေရယ်ခြား … မိုင်တွေရယ်အလီလီကွာဝေးနေတာကြောင့်
ချစ်သူရဲ့ … အနံအသက်လေးတောင်မှရှုရှိုက်ခွင့်မရသေးဘူး ။
အဲဒီအတွက် … ငါ့ကို
လူညံ့တစ်ယောက်လို့သတ်မှတ်ချင်သတ်မှတ်ပေါ့ ။
လုပ်သလိုမဖြစ်ရင် .. ဖြစ်သလိုလုပ်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြန်တော့
အဲဒီလိုလုပ်ဖို့ .. အချိန်ဆိုတဲ့စည်းကခြားနေသေးတယ် ။
ငှက်ကလေးကိုအားကျမိပေမဲ့ .. အချိန်ဆိုတဲ့ “ စည်း ” ကြောင့်
ခုဆိုရင် အလွမ်းဆိုတဲ့ အရာနဲ့တောင်ငါတော်တော်ရင်းနှီးနေပြီလေ ။
ငါအကြောက်ရဆုံးက ..
ကြိမ်လုံးနဲ့ရိုက်တက်တဲ့ .. ငါ့အမေလဲမဟုတ်ဘူး ။
ခပ်တည်တည်နဲ့ဟောက်တက်တဲ့ .. ငါ့အဖေလဲမဟုတ်ဘူး ။
တကယ်ပြောကြဟေ့စတမ်းဆိုရင်
မိုးပြိုမှာတောင်မကြောက်ခဲ့တဲ့ .. ငါက
ခုတော့ ချစ်သူရဲ့ အနမ်းလေးတစ်ပွင့်နဲ့ဝေးမှာတော့
သေလောက်အောင်ကိုကြောက်မိနေတယ် ။
ချစ်သူထံကနေ တစ်ခုပဲမျှော်လင့်မိတယ်
ကိုနဲ့တစ်ခါတွေ့တိုင်း ( VZO ထဲမှာ )
“ နားလည်မှုနဲ့ နှုးညံ့တဲ့ အပြုံးလေးတစ်ပွင့် ”
အမြဲတမ်းပြုံးပြပေးပါ … ချစ်တဲ့သူ
အဲဒါဆိုရင် .. အရာအားလုံးကိုငါရင်ဆိုင်နှိုင်ပြီလေ ။
Comment #2
ကဗျာတွေကတိုက်ဆိုင်မဲ့ လူတော်တော်များမယ်…ဟီး
သီ၇ိလည်းတိုက်ဆိုင်တယ်….ဟင့်တူတူပဲသိလား…
ကဗျာဖတ်ရင်းနဲ့ ပိုသတိ၇နေမိတယ်……….ဗြဲ
အကို ကောင်းတယ်များကြီးရေးသိလား
Comment #8
wow..
wow…
heart hti twar p kwar.
Comment #10
ကိုနဲ့တစ်ခါတွေ့တိုင်း ( VZO ထဲမှာ ) conn ဒေါင်းနေသည်
မိုက်တယ်..မိုက်တယ်
Comment #12
မိုးပြိုမှာတောင်မကြောက်ခဲ့တဲ့ .. ငါက
ခုတော့ ချစ်သူရဲ့ အနမ်းလေးတစ်ပွင့်နဲ့ဝေးမှာတော့
သေလောက်အောင်ကိုကြောက်မိနေတယ် ။
Comment #14
😛
😛
😛
Comment #1
ငါအကြောက်ရဆုံးက ..
ကြိမ်လုံးနဲ့ရိုက်တက်တဲ့ .. ငါ့အမေလဲမဟုတ်ဘူး ။
ခပ်တည်တည်နဲ့ဟောက်တက်တဲ့ .. ငါ့အဖေလဲမဟုတ်ဘူး ။
တကယ်ပြောကြဟေ့စတမ်းဆိုရင်
မိုးပြိုမှာတောင်မကြောက်ခဲ့တဲ့ .. ငါက
ခုတော့ ချစ်သူရဲ့ အနမ်းလေးတစ်ပွင့်နဲ့ဝေးမှာတော့
သေလောက်အောင်ကိုကြောက်မိနေတယ် ။