အိပ်မက်ဟုတ်မဟုတ် မသိတဲ့ အိပ်မက်
အိပ်မက်ဟုတ်မဟုတ် မသိတဲ့ အိပ်မက်
စကားလုံးတွေ ပေါင်းတင်ထားတဲ့ည
ဝိဥာဉ်နှုတ်ထားတဲ့ ဝိုင်ခါးခါးတခွက်
စိတ်က ခံတွင်းချဉ်နေတုန်း
မသောက်ဖြစ်တဲ့ ဆေးလိပ် … တိုသွားတယ်။
ဘာကိုမှ အောက်သက်မကျေတဲ့
စပ်ဖျဉ်းဖျဉ်း ဘဝတစ်ခုကို လေလံတင်တော့
ကြမ်းခင်းဈေးကကို ခေါင်ခိုက်နေတယ်
အိပ်မက်က မနိုးမချင်းပေါ့လေ။
ဒါနဲ့ ကိုယ့်ကိုကိုယ် ထုတ်ပိုးပြီး
နေဝင်ချိန်တွေဆီ ပါဆယ်ပို့လိုက်တယ်
လိပ်စာအတိအကျ တပ်မထားတော့
ရောက်ချင်မှလည်း ရောက်မယ်
အိပ်မက်ချင်း အတူတူ
ရောင်စုံလား အဖြူအမည်းလား မေးမနေပါနဲ့
ဘယ်လောက် လက်တွေ့ဆန်လဲပဲ မေးပါ
အဓိက က အိပ်မက်ဟုတ်မဟုတ် သေချာချင်ခဲ့တာ ……
ချီရွန် ( ပုလဲ )
Comment #2
အရမ်းအရမ်းကိုမိုက်တယ် chiron
Comment #6
ကဗျာမရေးချင်တော့ဘူးသာပြောတယ်.. ငါ့အစ်ကိုကြီးက ရေးလက်ပိုတက်လာတယ်း)
Comment #7
စကားလုံးတွေ ပေါင်းတင်ထားတဲ့ည
ဝိဥာဉ်နှုတ်ထားတဲ့ ဝိုင်ခါးခါးတခွက်
စိတ်က ခံတွင်းချဉ်နေတုန်း
မသောက်ဖြစ်တဲ့ ဆေးလိပ် … တိုသွားတယ်။
gr8t!
Comment #8
တစ်ပုဒ်လုံးကောင်းနေတော့ ဘယ်နားအပိုဒ်ကို ဘယ်လို ထုတ်ပီး ကောက်နှုတ်ပြရမှန်းမသိတော့ဘူး….
သေချာတာတော့ အိပ်မက်မဟုတ်ပဲ လက်တွေ့ဆန်ဆန်ဖတ်လိုက်ရတဲ့ ကဗျာလေးက အိမ်မက်မဟုတ်ပဲ လက်တွေ့ဆန်ဆန်ကို အရမ်းကောင်းလွန်းနေခဲ့တယ် ငါ့အစ်ကိုရေ
Comment #10
စကားလုံးတွေ ပေါင်းတင်ထားတဲ့ည
ဝိဥာဉ်နှုတ်ထားတဲ့ ဝိုင်ခါးခါးတခွက်
စိတ်က ခံတွင်းချဉ်နေတုန်း
မသောက်ဖြစ်တဲ့ ဆေးလိပ် … တိုသွားတယ်။
မသောက်ပဲတိုတယ်ဆိုတော့ ကျိုးသွားတာပေါ့….။
Comment #13
ကောင်းတယ်နော်ငုလေးလဲရေးတတ်ချင်လိုက်တာ……….ခံစားချက်တွေရှိသေးရင်အမြဲရေးနော်..ငုလေးအားပေးနေမယ်
Comment #1
ဘာကိုမှ အောက်သက်မကျေတဲ့
စပ်ဖျဉ်းဖျဉ်း ဘဝတစ်ခုကို လေလံတင်တော့
ကြမ်းခင်းဈေးကကို ခေါင်ခိုက်နေတယ်
အိပ်မက်က မနိုးမချင်းပေါ့လေ။
ဒါနဲ့ ကိုယ့်ကိုကိုယ် ထုတ်ပိုးပြီး
နေဝင်ချိန်တွေဆီ ပါဆယ်ပို့လိုက်တယ်
လိပ်စာအတိအကျ တပ်မထားတော့
ရောက်ချင်မှလည်း ရောက်မယ်
ကြိုက်တယ်။အားပေးသွားပါတယ်။