အနက်ရောင်ကိုဗြောင်ဝတ်တဲ့ခေတ် (Za tagwel)
အနက်ရောင်ကိုဗြောင်ဝတ်တဲ့ခေတ်
ပိတ်ကားပွင့်သွားသည်။
ဇာတ်ခုံထက်တွင် မှောင်အတိ။
ပကတိ ဘာမှမရှိသယောင်။
ကြောင်ကြောင်ကြားကြားနဲ့ကောင်
လူပြောင် ငါက
လူလည်ခေါင်မှာ ကံနိမ့်ပြရတော့မှ
အကျ သာစေတော့ရယ်လို့
ဂွမ်းကပ်တွေလဲ အထပ်ထပ်
ဘောင်းဘီမှာ ချုပ်ရက်။
အလင်းတစင်း ထိုးကျသည်။
ကြိုးတန်းပေါ် တည့်တည့်လျှောက်ပြလို့မှ
မကျေနပ်နိုင်တာ
ကျုပ် ကျ ပြရဦးမှာပေါ့။
မြေနိမ့်ရာလှံစိုက်တာကို
ဘယ်သူက ကျေနပ်လဲ။
ကျုပ် အရိုက်အနှက်ခံရချိန်
လူတွေများ
တဟားဟားပဲ။
ရက်စက်မှုဟာလဲ
ဟဒယရွှင်စေတတ်တာပဲ။
အလွမ်းဇာတ်လဲ
ကျုပ်မကတတ်ပါဘူး။
‘ဒီတော့
ဒီဇာတ်မှာ
လူသိများဖို့
ကျုပ် ရက်စက်မှုနဲ့တွဲဖက်ရမယ်။
ခုများ
လူကို လည်လှီးသတ်ပြတောင်
သူတို့က ဟားတိုက်ရီသေး။
သူရဲကောင်းသူခိုးလိုလို…
အနက်ရောင်ကို ဗြောင်ဝတ်တဲ့ခေတ်မှာ
အချစ်ဆိုတာလဲ
မတရားတာ မရှိဘူးပဲ။
မဟုတ်ဘူးလား။
အချစ်ကို ဓားပြတိုက်ယူ အပြ
ကျုပ် ပွဲမှာ
ကြိတ်ကြိတ်ကိုတိုးလို့။
နောက်မှ
အားလုံးက
ကျုပ်ကို
အဓိကတရားခံအဖြစ်
စွပ်စွဲကြတယ်။
တကယ်ဆို
ကျုပ်က
ကြည့်မှန်တစ်ချပ်နီးနီရယ်…
ဘယ်နေရာဝယ်ဝယ်ပါ။
ဇ 1ဂွဲ
Comment #2
ှု I like it.
Comment #3
မိုက်တယ်ဟ ….. ငါ့အစ်ကို အားပေးတယ် ဆက်လုပ်
တကယ်မိုက်တယ် ဗျ
Comment #4
မြေနိမ့်ရာလှံစိုက်တာကို
ဘယ်သူက ကျေနပ်လဲ။
ကျုပ် အရိုက်အနှက်ခံရချိန်
လူတွေများ
တဟားဟားပဲ။
ရက်စက်မှုဟာလဲ
ဟဒယရွှင်စေတတ်တာပဲ။
Comment #5
nice,,
Comment #1
လန်တာပေါ့ဗျာ။ ခေါင်းစဉ်ကိုက လန်တာ