. . . . . . . . . (27.7.2011)
ပြီး သွား ပြီ . . . .
အဲဒီ မိုးတိမ် တောင် တွေ
ခပ် ကြမ်း ကြမ်း ခွဲ ချ လိုက် တဲ့
မျက်ရည်စက်တွေကြားထဲမှာ
……………. ရပ်တည်နေတဲ့
ငါ့ ခြေထောက် တွေ ယိုင်လဲ
နာကျင်ခြင်းတွေရဲ့ လက်သုံးစကားနဲ့ နင်က
လမ်းခွဲကြရအောင် တဲ့ . . . . .
ဟုတ်ပါပြီ . . .
ပျော်ရွှင်ခြင်းတွေ မပေးနိုင်တဲ့တော့သူ ကို
ပျော်ရွှင်ခြင်း တွေပေး . . . .
ဗီဇ ဆိုး နဲ့  ပေတေ တဲ့ ကောင်ကို
စေတနာ အစုစု ပြု လို့ 
နင် စွပ် ပေးတဲ့ ကျည်တောက် ကြောင့်
ဒီခွေးမြီး ဘယ်လောက်ကြာကြာ ဖြောင့်မလဲ . . . .
အရိပ်နေပြီး အခက်ချိုးတတ်သူ . . .ငါ . . .
နင် ငါ့ အနားမှာ မရှိတော့တာပဲ နင့်အတွက် ကောင်း တယ် . . . . . .
……………ဧည့်ခေါ်ပြီး ဧည့်ဝတ်မကျေခဲ့ မိသူ
အိမ်ရှင် ရိုင်းကို ခွင့်လွတ်ပါ
ဒို ရေ မီ ဖာ ကျေညက် တဲ့ တစ် နေ့
နင့်ကို သီချင်း ဆိုး နဲ့ တောင်း ပန် မယ်
ဒီ ကဗျာ ရဲ့ ဖန် တီး မှု
နင့်ကို နောက်ဆုံး လွမ်းခြင်း က နေ ဖြစ်တည်တယ်
လွမ်းမယ်………နောက် ဆုံး တစ် ခါ ပဲ
…. နောက် …. ဆုံး
ဒီ . . . . တစ် . . . . ခါ …. တည်း……ရယ်
………….ပါ
နှလုံးသားနဲ့ မုန်းပါ
ငါ က နှလုံးသား နဲ့ အရှုံးပေးခဲ့ သူ . . .
(တစ်ခါတစ်လေ) မသိစိတ် နဲ့ လွမ်း ပါ
ငါ က မသိ စိတ် နဲ့  လွမ်း ခဲ့ သူ . . .
အငြိုးနဲ့ ရွာ တဲ့ မိုး လား . . .
နာ ကျင် ခြင်း တွေ ပါ တယ်
ဒဏ် ရာ . . တွေ ပါ တယ် . . ..
ခပ် နက် နက် ဒဏ် ရာ တစ် ချက် နဲ့ ငါ က
နှ လုံး သား ကို အရက် နဲ့ ဆေး . .
ဦး နှောက် တွေ မူး ယစ် . . . နင့် အကြောင်း တွေ မစဉ်းစားပဲ ရူးပစ်ခဲ့ တယ်
မထွေထူးပေမဲ့ အဲဒီ နေ့ က နင့် အကြောင်းတွေ သေ ဖူး ခဲ့ တယ် . . . .
လေ ရူး ရေ . . . . ပင့်သက် ရှိုက်သံ တွေ ကြား မှာ
သီ ချင်း သံ တွေ ရှိ ကြောင်း သူ့ ကို ပြော ပေး ပါ
အမုန်း များ နဲ့ နားဆင် သူ
သူ့ အတွက် အနု ပညာ တစ်လက် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် . . .
ငို သံ တွေ ကမ္ဘာ ပျက် တဲ့ ည က . . . ငါ
. . . . . . . အိပ် ရာ ထက် မှာ လူး လိမ့် . . . မအိပ်စက် တတ်ခဲ့ ဘူး . . .
အခု တော့ သူ သိ သွား ပြီ . . ပုံပြင်တွေ လွယ်ထားတဲ့ ငါ က . . .
ပုံ ပြင် တွေ သာ ပြော တတ် ကြောင်း ကို . . . .
လေ လွင့် ခဲ့ ခြေ ရာ တွေ . . .
. . . . တစ် စ နဲ့ တစ် စ ပြန် လိုက် ကောက် လို့ မ မီ တော့ ဘူး
ရူး ပါ စေ . . . နင် ထား ခဲ့ နောက် တော့ . . . .
……. . . . ငါ့ ကမ္ဘာ ပျက် ခန်း စ တယ် . . .
ကောင်း ပါ တယ် လေ . . . အရိပ် မပေး တဲ့ သစ်ပင် အို . . .
နင် ရေ ဆက် မလောင်း တာ ပဲ ကောင်း တယ် . . . .
. . . . . . . . နင် ရေ ဆက် မလောင်း တာ ပဲ . . .
. . . .ကောင်း . . . .ပါ . . . တယ် . . . လေ . . .
မ ကြာ ခဏ ငို ရ တဲ့ ကောင် မ လေး နဲ့ 
မ ကြာ ခ ဏ ဂရု မစိုက်တတ် တဲ့ ကောင် လေး ရဲ့  ဇာတ် လမ်း
မနက်ဖြန် .. . တွေ တိုင်း အတွက်ရှိ မနေ တော့ ဘူး . .
ခပ် ချာ ချာ နဲ့  လည် နေ တဲ့ ကမ္ဘာ ကြား မှာ
ငါ ရပ် တန့်  . . . မနက် ဖြန် တွေ တိုင်း မှာ နင် ငါ့ကို မေ့တတ် တော့ မှာ ပေါ့ . . . .
ငါ့ စိတ် ထဲ မှာ . . . လေ ဟာ နယ် တစ် ခု ရှိ တယ်
မကြာ ခဏ လွမ်း တတ် တဲ့ နင် ရှိ တယ် . . .
. . . . . ငါ့ ကို လှောင်ပြုံး ပြုံးတတ် တဲ့ ငါ ရှိ တယ် . . . .
ဆု တောင်း ဖူး ပါ တယ် . . .မင်း အတွက် . . .
ဆူး ခက် ဆူး လက် တွေ ရိုက် ချိုး ပေး နိုင် မဲ့ ကိုယ် ဖြစ် ရ ပါစေ လို ၏ လို့  . . .
တကယ် တမ်း တော့ . . . နင့် နှလုံး သား ထဲ ငါ ကိုယ် တိုင် ဆူး တစ် ချောင်း ရိုက်သွင်း လိုက် မိပြီ . . .
နင် မုန်း တဲ့ ငါ က . . . အခု နင် ပြုံး နေ ရင် အရမ်း ပျော် မိ တယ် . . .
ငါ့ ဆီ က နင့် ရဲ့ အိမ် ပြန် ချိန် ကို
. . . . . . ငါ ထာ ၀ ရ နှုတ် ဆက်ပါတယ် . . . .
. . . . ထာ ၀ ရ နု တ် ဆက် ပါ တယ် . . . .
မေ့ လိုက် ပါ ပြီ . . . .
. . . . . ရိုး မြေ ကျ သီ အို ရီ က . . . .
ငါ တို့ အတွက် မှ မဟုတ် ခဲ့ တာ . . .
. . . ငါ တို့ရဲ့  အသည်း ကွဲ နေ့  အတွ က် . . .
နင် နဲ့  ငါ့ အကြောင်း ဒီ ကဗျာ လေး နဲ့ ဂုဏ် ပြု တယ် . . . .
နင့် အတွက် ဖျော်ဖြေ မှု တစ် ခု ဖြစ် ကောင်း ဖြစ် နိုင် ပါ လိမ့် မယ် . . .
အ ခု . . .
. . . ငါ . . တစ် ကြိမ် . . .
. . . . . . . သေ . . . . . ဆုံး . . . . . ဖူး . . . . ခဲ့ . . . . . ပြီ . . . . ၊၊ ၊၊
( လ မင်း ဇော် )
Comment #2

ကွက်တိကိုလာထိတယ်…ဗျာ….အရမ်းမိုက်တယ်…..
Comment #6
အရိပ်နေပြီး အခက်ချိုးတတ်သူ…..ငါ
နင်ငါ့အနားမှာ မရှိတော့တာဘဲ နင့်အတွက်ကောင်းတယ် စာသားလေး ရေလည်မိုက်တယ်ဗျာ။
Comment #7
အားပေးခဲ့ပါတယ်ဗျား)
Comment #9
မနက် ဖြန် တွေ တိုင်း မှာ နင် ငါ့ကို မေ့တတ် တော့ မှာ ပေါ့ . . . . 🙂
Comment #10
မေ့ လိုက် ပါ ပြီ . . . .
. . . . . ရိုး မြေ ကျ သီ အို ရီ က . . . .
ငါ တို့ အတွက် မှ မဟုတ် ခဲ့ တာ . . .
. . . ငါ တို့ရဲ့  အသည်း ကွဲ နေ့  အတွ က် . . .
နင် နဲ့  ငါ့ အကြောင်း ဒီ ကဗျာ လေး နဲ့ ဂုဏ် ပြု တယ် . . . .
နင့် အတွက် ဖျော်ဖြေ မှု တစ် ခု ဖြစ် ကောင်း ဖြစ် နိုင် ပါ လိမ့် မယ် . . .
အ ခု . . .
. . . ငါ . . တစ် ကြိမ် . . .
. . . . . . . သေ . . . . . ဆုံး . . . . . ဖူး . . . . ခဲ့ . . . . . ပြီ . . . . ၊၊ ၊၊
ကြိုက်တယ်ဗျာ…..
Comment #11

………………..
………………………….
…………………….(ဖတ်ရင်း…ထပ်သေသွားသည်)
Comment #12
ဟ ဟ ။ ။ မ မိုး က တော့ လုပ် ပြီ ၊၊ ကျေးဇူး ပါ . . . . .
Comment #13
ကောင်းပါတယ်…..။
Comment #14
u r so cruel & selfish,
1,neglect & careless to poor girl.
2.u went away,leave her.
3.u can forget easily.
really unfair.
Comment #15
ngo nay p.
Comment #1
. . . . တစ် စ နဲ့ တစ် စ ပြန် လိုက် ကောက် လို့ မ မီ တော့ ဘူး
ရူး ပါ စေ . . . နင် ထား ခဲ့ နောက် တော့ . . . .
……. . . . ငါ့ ကမ္ဘာ ပျက် ခန်း စ တယ် . . .