နတ်ဆိုးတစ်ကောင်ရဲ့ မျှော်လင့်ခြင်းကောင်းကင်သမိုင်း.. (terry)
…….နိဒါန်း……..
တစ်စုံတစ်ခုစီးဝင်လာဖို့ ရာ
တစ်စုံတစ်ခုကစီးဆင်းပေးရသလိုပေါ့……
ပေးဆပ်သူဆိုတာ
လိုအပ်သူရှိမှဖြစ်တဲ့ကိစ္စ……
ဂယောက်ချောက်ခြားအတွေးတွေနဲ့ 
ထပ်ပြီးတွေးလည်း….
အနာဂတ်ကတော့ဆက်မှောင်နေဦးမှာပဲ…..
အရာတစ်ခုပျက်စီးဖို့ အကြောင်းတရားဟာ
ထိုအရာကိုဖန်တီးခဲ့တဲ့အချိန်ကနေစတယ်……။
………နိဂုံး……….
ဖြစ်သလိုလင်းနေတဲ့
နံနက်ခင်းတစ်ခုကို
နှုတ်ဆက်ကြည့်တစ်ခုနဲ့ 
ဝယ်ယူလိုက်တယ်။
ကျကွဲတတ်မှန်းသိသိကြီးနဲ့ 
စိတ်ကိုအစွန်းတစ်နေရာမှာ
သွားတင်ထားမိတယ်…..
ကိုယ့်ကိုကိုယ်လိမ်ရဲလောက်မှတော့
မျက်ရည်ဆိုတာကိုမကြောက်ရဘူး…..။
ကြောက်လန့် တကြား
စုံမှိတ်ပြီးတော့ကိုငြင်းမယ်
မလိုအပ်တော့ဘူး……
မ လို အပ် တော့ ဘူး ……….
စုတ်ပြတ်သတ်အောင်
ပြုစားခဲ့တဲ့ရင်ဘတ်အတွက်
စကားလုံးတွေကို
အနာကျက်ဆေးအဖြစ်နဲ့ 
ချွေးမသိပ်ပါနဲ့ တော့…………
သူလိုငါလိုပါပဲ…..
လက်ပြမသွားတဲ့
အညတရညနေခင်းတစ်ခုလို
ခပ်လွယ်လွယ်လေးပဲငါ့ကိုခူးယူသွားတယ်
အတ္တတွေသုတ်လိမ်းထားမှတော့
ခွဲခွာခြင်းဆိုတဲ့ဓါးက
မသွေးပဲလဲမြနေမှာပါ…………………..။
ပျံသန်းလိုတဲ့မေတ္တာတရားကို
ချုပ်နှောင်ထားဖို့ 
လုံလောက်တဲ့
စက္ကူနှောင်ကြိုးတွေမှ…မရှိတာ။
ပျော်မယ်ထင်ရင်လျှောက်
ငါမပါလည်းခရီးဆိုတာရောက်မှာပါ။
အနိုင်ပေးလိုသူနဲ့ 
အနိုင်ယူလိုသူကြားမှာ
အမှားဆိုတာမရှိဘူး…………..။
မြင် နေ ရ ပြီ ပဲ . . . . . .
နှောင်ဖွဲ့မှု့တွေသဂြိုလ်ပြီး
လွပ်လွပ်လပ်လပ်သာ
လျှောက်လှမ်းသွားပါ…….
မင်းအသိပါပဲ……………
လာလည်ခဲ့ဖူးတဲ့အခန်းတစ်ခုမှာ
မက်မောလောက်စရာ
ဘယ်လိုရာသီဥတုမျိုးမှမရှိဘူး။
ဒါကျိန်စာမဟုတ်ဘူး……
ပြောဖို့ နောက်ကျသွားတဲ့
နောက်ဆုံးအမှာစကားပါ။
ရင်ဘတ်ရဲ့ဝေါဟာရကို
မာနနဲ့ဖုံးကာထားသူတွေမှာ
နောင်တဟာ
ကိုယ်ထင်ထားတဲ့အမှန်တရားအယောင်ဆောင်ပြီး လာ လိမ့် မယ်……။
လောကမှာဥပဒေမသိတဲ့
ခိုးဝှက်မှု့တွေလည်းရှိတယ်…..။
ရှာဖွေမိမှပဲ
ပျောက်ဆုံးမှန်းသိတာလား..
သတိထားမိမှပဲ
မရှိတော့မှန်းသိတာလား
ဆည်းဆာညိုရောင် မျက်ဝန်းလေး
တိမ်တွေအုပ်စိုးတဲ့
ကောင်းကင်မြို့ကို ပျံသွားတယ်…
အဲ့ဒီနေ့ ……..
အာရုဏ်တက်ချိန်မှာပဲ
ငါ့ရဲ့အောက်ဆုံးနံရိုးတစ်ချောင်း
ထူးဆန်းစွာပဲ…....ေ ပျာ က် ဆုံး သွား တ ယ် ။
terry(21.7.2011)4:30am
[email protected]
Comment #4
ဆည်းဆာညိုရောင် မျက်ဝန်းလေး
တိမ်တွေအုပ်စိုးတဲ့
ကောင်းကင်မြို့ကို ပျံသွားတယ်………..
စာသားတွေက တော်တော်ပြောင်မြောက်တာဘဲ ရေးချက်ပြင်းတယ်ဗျာ ခံစားချက်လည်း အတော်ပြင်းမယ့်ပုံဘဲ မသိပေမယ့် အားပေးသွားပါတယ် ။
Comment #5
မိုက်ချက်က ၉လောက်ရှိတယ် ရေးတိုင်းလည်း အဲဗားလန်း 😀
Comment #6
ကျကွဲတတ်မှန်းသိသိကြီးနဲ့ 
စိတ်ကိုအစွန်းတစ်နေရာမှာ
သွားတင်ထားမိတယ်…..
Comment #8
အနိုင်ပေးလိုသူနဲ့ 
အနိုင်ယူလိုသူကြားမှာ
အမှားဆိုတာမရှိဘူး…………..။
ကိုတယ်ရီအားပေးသွားတယ်။
Comment #9
မမေခ..ဇော်သက်ဦး..hero smith…..x-ray…မိုးသစ်လေပြေ…နတ်သမီး
မိုးလူ…ရဲမင်း…တို့ ရေ…အားပေးတာကို…အရမ်းကျေးဇူးတင်ပါတယ်..ဗျာ
ဒီထက်ကောင်းအောင်ကြိုးစားပါဦးမယ်….။ 🙂
Comment #10
မင်းအသိပါပဲ……………
လာလည်ခဲ့ဖူးတဲ့အခန်းတစ်ခုမှာ
မက်မောလောက်စရာ
ဘယ်လိုရာသီဥတုမျိုးမှမရှိဘူး။
ဒါကျိန်စာမဟုတ်ဘူး……
ပြောဖို့ နောက်ကျသွားတဲ့
နောက်ဆုံးအမှာစကားပါ။
ရင်ဘတ်ရဲ့ဝေါဟာရကို
မာနနဲ့ဖုံးကာထားသူတွေမှာ
နောင်တဟာ
ကိုယ်ထင်ထားတဲ့အမှန်တရားအယောင်ဆောင်ပြီး လာ လိမ့် မယ်……။
တကယ်…အရမ်း…ကြိုက်တယ်………အရမ်း…..ခိုက်တယ်…..ဗျာ
Comment #13
သူလိုငါလိုပါပဲ…..
လက်ပြမသွားတဲ့
အညတရညနေခင်းတစ်ခုလို
ခပ်လွယ်လွယ်လေးပဲငါ့ကိုခူးယူသွားတယ်..။
တယ်ရီရေ စာသားတွေက လန်းတယ်..။
တခြားကဗျာတွေနဲ့တော့ ဘာမှမဆိုင်ဘူး…..။
Comment #14
မင်းအသိပါပဲ……………
လာလည်ခဲ့ဖူးတဲ့အခန်းတစ်ခုမှာ
မက်မောလောက်စရာ
ဘယ်လိုရာသီဥတုမျိုးမှမရှိဘူး။
ဒါကျိန်စာမဟုတ်ဘူး……
ပြောဖို့ နောက်ကျသွားတဲ့
နောက်ဆုံးအမှာစကားပါ။..
ကြိုက်တယ်ဗျာ..ကြိုက်တယ်
Comment #15
ပျော်မယ်ထင်ရင်လျှောက်
ငါမပါလည်းခရီးဆိုတာရောက်မှာပါ
မိုက်သမှမိုက်မိုက်
Comment #16
စုတ်ပြတ်သတ်အောင်
ပြုစားခဲ့တဲ့ရင်ဘတ်အတွက်
စကားလုံးတွေကို
အနာကျက်ဆေးအဖြစ်နဲ့ 
ချွေးမသိပ်ပါနဲ့ တော့…………
ဆောက်ရမ်းမိုက်တယ်…ကွာ
Comment #17
excellent
Comment #18
Really nice
Comment #19
ပျော်မယ်ထင်ရင်လျှောက်
ငါမပါလည်းခရီးဆိုတာရောက်မှာပါ။
အနိုင်ပေးလိုသူနဲ့ 
အနိုင်ယူလိုသူကြားမှာ
အမှားဆိုတာမရှိဘူး…………
ရင်ဘတ်ရဲ့ဝေါဟာရကို
မာနနဲ့ဖုံးကာထားသူတွေမှာ
နောင်တဟာ
ကိုယ်ထင်ထားတဲ့အမှန်တရားအယောင်ဆောင်ပြီး လာ လိမ့် မယ်……။
အရမ်းကို ပြည့်စုံတဲ့ကဗျာပါလားဗျာ… သိပ်ကို မြတ်နိုးမိပါတယ်.. စာသားလေးတွေ အတွေးလေးတွေ သိပ်လှတယ်…ဗျာ
Comment #20
nowords …………
Comment #1
လောကမှာဥပဒေမသိတဲ့
ခိုးဝှက်မှု့တွေလည်းရှိတယ်…..။
ရှာဖွေမိမှပဲ
ပျောက်ဆုံးမှန်းသိတာလား..
သတိထားမိမှပဲ
မရှိတော့မှန်းသိတာလား
ဆည်းဆာညိုရောင် မျက်ဝန်းလေး
တိမ်တွေအုပ်စိုးတဲ့
ကောင်းကင်မြို့ကို ပျံသွားတယ်…
အဲ့ဒီနေ့ ……..
အာရုဏ်တက်ချိန်မှာပဲ
ငါ့ရဲ့အောက်ဆုံးနံရိုးတစ်ချောင်း
ထူးဆန်းစွာပဲ…….ေ ပျာ က် ဆုံး သွား တ ယ် ။ ( အရမ်းကောင်းပါတယ်ရှင့်)