လွမ်းတတ်သူ ပါမေ
ရောင် စုံ တွေရှိလေရဲ့
သို့ပေမယ့်
အရောင်တွေကို မသိဘူး
ရေပြင်ကို ချစ်လေရဲ့
သို့ပေမယ့်
လှိုင်းတွေ ကို ကြောက်သူ
အချစ် နဲ့ အမုန်းကြားမှာ
ခြားနေတဲ့ မိုင်တိုင်
ငိုင်တိုင်တိုင်ပဲ ငါ
ငေးကြည့်နေတယ်
တိုက်နေတဲ့လေ
လွမ်းသေးရဲ့လားလို့မေးသလို
ဒဏ်ရာတွေဟာ
အသက် ရှိလို့က တော့
ငါ့တို့ တွေ မလောက်တော့ဘူးလို့
ပြောတော့မလို
နှလုံးသားအပြည့်ပေါ့
နေ၀င် မှ နေထွက်
အမုန်းနဲ့ အသက်ဆက်နေရတဲ့
နှလုံးသားပေါ့
ဝေးတာမဟုတ်
နီးတာမဟုတ်
အချီးနှီး ဖြင့်
တပ်ဆုတ်ခဲ့ ရသူပါ
လွမ်းတတ်သူ ပါမေ။
Comment #2
နေ၀င် မှ နေထွက်
အမုန်းနဲ့ အသက်ဆက်နေရတဲ့
နှလုံးသားပေါ့
ဝေးတာမဟုတ်
နီးတာမဟုတ်
အချီးနှီး ဖြင့်
တပ်ဆုတ်ခဲ့ ရသူပါ
လွမ်းတတ်သူ ပါမေ။
ကောင်းတယ် ကောင်းတယ်..

Comment #3
nice.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လွမ်းသေးရဲ့လားလို့မေးသလို
ဒဏ်ရာတွေဟာ
အသက် ရှိလို့က တော့
ငါ့တို့ တွေ မလောက်တော့ဘူးလို့