မေ့လျှော့နေတဲ့…ကဗျာ
ဖြိုးဖြိုးဖြစ်ဖြစ်နဲ့ တောက်ပတဲ့နွေ
သည်နေအပူအတွက်တော့
လိုအပ်တာက..ရေ..
မင်း..ဖန်ဆင်းခဲ့တွေ ချစ်ခြင်းတွေ
ငါ့..ရင်ခွင်ငြိမ်းအေးစေဖို့ 
လိုအပ်တာက..အကြင်နာတွေ..
မချိတင်ကဲ မက်မောမှုတွေနဲ့ 
ရာသီမဲ့  ရနံ့ တွေ ဖြတ်ခဲ့ တာ
အိပ်ကပ်ထဲက စွယ်တော်ရွက်လေးတောင်
ဝါကျင်ကျင်
နေ့ တွေကိုစွဲထားလို.နေ့ စွဲလို့ ခေါ်မယ်ဆိုရင်
ငါ့ ..ရင်ဘက်ထဲ မင်းရနံ့ တွေ
အခုထိ..သင်းပျံ့ နေတုန်းလေ..
အလဲလဲအပြိုပြိုညနေခင်းတွေအတွက်
ဆေးမမှီတော့ ရင်လဲ
ဒီနေရာပဲ လှည့် ပြန်ခဲ့ ပါမယ်
သိုသိုသိပ်သိပ်လေး
သေဆုံးပါရစေ…
ကမ်းဝေးပင်လယ်တစ်စင်းရဲ့ မျှော်လင့်ချက်အတွက်
ဘယ်လိုမျိုး စာနာမှုတွေက အားဖြစ်စေမလဲကွယ်…
ကြာတော့ကြာခဲ့ပြီ
Comment #4
poor u.
how she is cruel?
hint,,,,,,

Comment #5
အားပေးလိုက်ပြန်ပါပြီ…..။

Comment #6
နေ့ တွေကိုစွဲထားလို.နေ့ စွဲလို့ ခေါ်မယ်ဆိုရင်
ငါ့ ..ရင်ဘက်ထဲ မင်းရနံ့ တွေ
အခုထိ..သင်းပျံ့ နေတုန်းလေ….
great..!!

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဝက်ဝက်ကွဲအောင်ကောင်းတယ်ကွာ ပက်ပက်စက်စက်လန်းတယ်
ဟင်း သေသွားမယ်
အားပေးသွားတယ်နော်…