တရားခံက ကံ
ကောင်းကင်ကြီးကနားစွင့်နေလဲ
ပင်လယ်ကြီးရဲ့ရင်ခုန်သံကိုဘယ်ကြားနိုင်မလဲ
ဝေးကွာလွန်းတဲ့ ငါတို့နှစ်ယောက်ကြား
ချည်နှောင်ထားတဲ့ကြိုးတွေက
တိမ်တွေလိုမခိုင်မြဲတာ
ကံကြမ္မာကြောင့်လို့ပဲပြောမလား……..
နင့်အတွက်…
အိုအေစစ်လေးတစ်ခုဖြစ်ချင်ပေမယ့်
ပူပြင်းလွန်းတဲ့ ကံကြမ္မာအောက်
ငါ့အချစ်တွေမစိမ်းလန်းနိုင်တာ
နင့်ရဲ့အချစ်ဆိုတဲ့ရေကြည်တစ်ပေါက်
ရောက်မလာလို့ဆိုပြီး
အပြစ်မဖို့ချင်ဘူး……….
ဘယ်လောက်ကြိုးစားစား
အရာမထင်တဲ့ငါ
ကောင်းကင်မှာပျံသန်းလို့
တောင်ပံရာ မကျန်ခဲ့တာကို
စိတ်နာလို့မှမရတာ………
နောက်ဆုံးတော့
မလွဲသော်ကန်ရာရှိ
ကံတရားဆိုတာကြီးကိုပဲ
အပြစ်ဖို့လိုက်တော့မယ်
ငါ့အချစ်တွေ အသုံးမကျတော့တဲ့အခါ
နင်တစ်ယောက်ပျော်နေနိုင်မှာပါ…………
P.Sဆရာကြီး တဂိုးရဲ့ idea အချို့ကိုထည့်သုံးထားကြောင်းဝန်ခံပါသည်………..
Comment #2
ကောင်းကင်ကြီးကနားစွင့်နေလဲ
ပင်လယ်ကြီးရဲ့ရင်ခုန်သံကိုဘယ်ကြားနိုင်မလဲ
ဝေးကွာလွန်းတဲ့ ငါတို့နှစ်ယောက်ကြား
ချည်နှောင်ထားတဲ့ကြိုးတွေက
တိမ်တွေလိုမခိုင်မြဲတာ
ကံကြမ္မာကြောင့်လို့ပဲပြောမလား……..
တစ်ပုဒ်လုံးကို သဘောကျပါတယ်
Comment #5
ဘာအိုင်ဒီယာပဲသုံးသုံး ကြိုက်လို့အားပေးသွားတယ်ဗျာ
Comment #6
အားပေးနေလျက်ပါ.ယ….။
Comment #1
ကောင်းကင်မှာပျံသန်းလို့
တောင်ပံရာ မကျန်ခဲ့တာကို
စိတ်နာလို့မှမရတာ……….. စာသားလေး လန်းသည် အားပေးသွားသည် ။