၂၀၀၉တမ်းချင်း
်ငါ့ကိုမသေချာခြင်းတွေထဲမှာဘဲထားခဲ့ပါတော့
ကလေးရယ်..
ဇာတ်လမ်းတစ်ခုလို…
ပီကေတစ်ခုလို..
သစ်ရွက်တစ်ရွက်လို..
ဝေလိုက်.ကြွေလိုက်..လွင့်လိုက်…
ဘ၀ ကို ဒိုးဆက်လို့ဆက်မပြနိုင်မှတော့…..
ထားခဲ့ပါတော့လေ…ထားခဲပါတော့…..
ဒီလိုနဲ့..နောက်ဆုံးမိနစ်များဟာလည်း အေးခဲသွားပေါ့..
ခြေသလုံးအိမ်တိုင်တွေလို…
အသားနီစပ်စပ်..ကောင်လေးရဲ့..
မျက်နှာပေ့ဝဲကျနေတဲ့… ၀ါကျင့်ကျင့်ဆံရိုင်းတွေလို့…
တေလေလေးတစ်ယောက် ၇ဲ့၂၅၀ ဒီဂရီလည်သွားတဲ့..
အိမ်မက်ပြောင်းပြန်အဟောင်းအပြင်းတွေလို……
ရယ်သံခပ်အုပ်အုပ်နဲ့ …
လောကဓံကြီး ကိုဘေးမဲ့ပေးလိုက်စို့ရဲ့…
ကော်ဖီတွေလို…ရာဇ၀င်ဟောင်းတစ်ချို့…ခါးသက်သက်…
ဖြုစင်မှူတွေ ကြဲချလိုက်ပေါ့..ကလေးရယ်…
သိလား….
ကမ္ဘာကြီး ဖျားနေတယ်….
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မဖျားပါဘူး။နဒီပဲ ဖျားနေတာပါ။