ကွာ…လွန်း…တယ်
မကြားချင်လို့ နားပိတ်ထားမှတော့
အော်ပြောမနေတော့ဘူး…….
မတွေ့ချင်လို့ ရှောင်ပြေးမှတော့
လိုက်မရှာတော့ဘူး…….
မပြောချင်လို့ ပါးစပ်ပိတ်ထားမှတော့
အတင်းမမေးတော့ပါဘူး…….
တိမ်တွေညိုရင် ငိုတော့မယ်ဆိုတာ
ငါသိတယ်
မင်းမျက်ဝန်းတွေ စိုနေရင်တော့
ငိုထားတာလား မမေးဖြစ်ခဲ့ဘူး
ဘာမဟုတ်တဲ့ စကားတွေကြောင့်
ဒီကောင့်အပေါ် မင်းစိတ်တွေယိုင်သွားမှာ စိုးတယ်
ပန်းခင်းလမ်းဘဲ လျှောက်ခဲ့ရတဲ့မင်း
ဆူးခင်းလမ်းဘဲ သိတဲ့ငါ
အကွာကြီးပါကွာ
တကယ်တော့
အချစ် ဆိုတဲ့ ဇာတ်လမ်းမှာ
ငါက လူကြမ်းလေးသက်သက်ပါ…….
Comment #2
i have no idea.
but i read all of ur poems.
Comment #3
အားပေးတဲ့ မယ်မနော နဲ့ အိလေး ကို ကျေးဇူးအများကြီးတင်တယ်ဗျာ ။
Comment #5
အားပေးတဲ့ ကလောင်ရှင် ကိုဇော်သက်ဦး ကျေးဇူးအများကြီးတင်တယ်ဗျာ ။
Comment #6
တိမ်တွေညိုရင် ငိုတော့မယ်ဆိုတာ
ငါသိတယ်
မင်းမျက်ဝန်းတွေ စိုနေရင်တော့
ငိုထားတာလား မမေးဖြစ်ခဲ့ဘူး
………….နှစ်သက် အားပေးလျှက်
Comment #7
အားပေးတဲ့ အသဲကွဲမိုး ကို ကျေးဇူးအများကြီးတင်ပါတယ် ။ အစ်မကဗျာ တွေကို ကျွန်တော် ဖတ်ဖူးပါတယ် ကဗျာတွေက အနှစ် တော်တော်ပါတယ်ဗျာ ။
Comment #9
အိုးးးးးးးးး
ကောင်းလိုက်တဲ့ကျောပါပဲ…..။
Comment #10
အားပေးတဲ့ ကလောင်ရှင် မင်းမာန် ၊ ဆည်းဆာ တို့ကို ကျေးဇူးအများကြီးတင်ပါတယ် ။
Comment #1
တိမ်တွေညိုရင် ငိုတော့မယ်ဆိုတာ
ငါသိတယ်
မင်းမျက်ဝန်းတွေ စိုနေရင်တော့
ငိုထားတာလား မမေးဖြစ်ခဲ့ဘူး
မိုက်တယ်ဗျာ…