ရင်နင့်စေတဲ့….ကဗျာ
ပြီးဆုံးခဲ့တဲ့ အတိတ်ကသတိရခြင်းတွေ
ဘယ်လိုအရာတွေက သတ်ပုံတွေမှားစေခဲ့တာလဲ
ရင်ကွဲ ပက်လက်ကျန်ခဲ့တာတော့သေချာတယ်….
ရင်နင့်အောင် လွမ်းခဲ့တာ
ဒဏ်ရာဆိုတာတွေကတော့ ငါ့အတွက်
ထိုက်တန်မှုတဲ့ လား…
ဝေးခဲ့ပြီ..ဆိုတဲ့အသိတခုက
သားချော့တေးနဲ့  အိပ်ချိန်တွေပဲလွန်စေခဲ့ တာ
ငါ့အတွက် သေချာတာက
ကြယ်တွေမစုံတဲ့ညတစ်ညပဲဖြစ်မှာပါ…
လျှောက်ခဲ့ရလွန်းတဲ့ လမ်းဟောင်းလေးတွေ
ပြန်လာမလားဆိုတဲ့ မျှော်လင့်ချက်တွေက
ငါ့ခြေထောက်ကို အသားမာတွေပဲတက်တက်လာစေတယ်..
မိုးမျှော်နေတဲ့ ပန်းတစ်ပွင့်အတွက်
နှင်းတစက်လောက်ရွာချပေးရင်ပဲ
အသက်ရှုခွင့်လေးနိုးကြားစေခဲ့ပါတယ်…
ထိပ်ထားရေ…
ငါ့ရင်ခွင်က မင်းခိုနားဖို့ မထိုက်တန်ခဲ့ရင်လဲ
မင်း..လျှောက်ခဲ့ဖူးတဲ့ လမ်းဟောင်းလေးကို
အခါအခွင့်သင့်ရင်
သတိရပေးပါ……..
Comment #2
မိုက်တယ်ဗျာ….
By: မယ်မနော at Aug 1, 2011
Comment #3
Nice poem.
By: X - ray at Aug 1, 2011
Comment #4
သတ်ပုံမှားနေတဲ့ အလွမ်းတွေနဲ့… ခံစားလိုက်ရတယ်ဗျား)
By: မိုးသစ်လေပြေ at Aug 1, 2011
Comment #6
mike de kwar.
By: ei lay at Aug 1, 2011
Comment #7
တကယ် ရင်နင့်စေတဲ့ ကဗျာပါပဲ….။
By: ဆည်းဆာ at Aug 2, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ငါ့ရင်ခွင်က မင်းခိုနားဖို့ မထိုက်တန်ခဲ့ရင်လဲ
မင်း..လျှောက်ခဲ့ဖူးတဲ့ လမ်းဟောင်းလေးကို
အခါအခွင့်သင့်ရင်
သတိရပေးပါ……..
အရမ်းကြိုက်တယ်..