ရင်ဝှက်……တမ်းချင်း
အဆွေးဒဏ်ရာပိုနက်…နေတာမို့..လေ…ညှင်းရယ်….မသွေးပါနဲ့…ချစ်သူထံ…အရောက်..ကာရံ..များနဲ့ …ခ စား
ပါတယ်……..အေးအေး.နဲ့………ငြိမ့်ငြိမ့်လေး……
နင့်ကိုငါလွမ်းတယ်
ငါနင့်ကိုလွမ်းတယ်
လွမ်းတယ်နင့်ကိုငါ
ငါလွမ်းတယ်နင့်ကို
အမျိုးအမျိုးအဖုံဖုံ….ဖွင့်ချ…တွေးဆကြည့်မိတယ်
ဒါပေမယ့်
နင်..ငါ့ကို..လွမ်းတယ်…လို့…..ဖြစ်မလာခဲ့ဘူး။
(ငါတို့..အတွေး…ချင်း..တောင်……..ဝေး…ခဲ့တယ်)
နင့်ကိုငါချစ်တယ်..
ငါ..နင့်ကိုချစ်တယ်
ချစ်တယ်နင့်ကိုငါ
ငါချစ်တယ်နင့်ကို
အပြန်ပြန်အလှန်လှန်….အဖြေရှာ
မျက်ရည်..တို့..၀ဲ..ကျလာပေမယ့်
ငါ..လိုချင်သလို
နင်ငါ့ကိုချစ်တယ်……ဖြစ်မလာခဲ့ဘူး။
(ငါတို့…ဝေးရင်း….ဝေးးးရင်း…..ငါ့အသည်းညှာ…ဆွေး…မြေ့…ခဲ့တယ်)
အခုဆို.
ဟောင်းပုဝါစ..ပြတိုက်မှာ….နှောင်းဒဏ်ရာပိုက်
မိုက်ရူးရဲဆန်စွာ………
ရေရွတ်နေမိတယ်
“ကျေးဇူးပြု၍ ငါ့ကို..နင်…….လက်ကမ်း..ပေးပါ”
(ငါတို့…ပြန်မဆုံတော့ဘူးဆိုတာ……..ဘယ်တော့မှ….မယုံကြည်ပေးနိုင်ခဲ့ဘူး)
အရင်က..ငါမှားခဲ့တယ်…
အခုလည်း…ငါမှားနေတယ်
နောက်လည်း….ငါပဲ…မှားလိမ့်မယ်
ဘာဖြစ်လို့လည်း..ဆို
နင်..ဟာ….င့ါ..တသက်တာမှာ..
တန်ဖိုး…ဖြတ်…အခက်ဆုံးသူ……..
ကျေးဇူးပြုပြီး….ငါ့အပြစ်တွေ….ချေဖျက်..ပေးပါ
(ငါ….ရက်မှန်မှန်….လွမ်းနေတယ်ဆိုတာ…..နင်…သိသင့်တယ်)
ရာဇ၀င်တွေ..ရိုင်းချင်ရိုင်းပစေ
အသစ်တွေကြားမှာ
နင်…နှိုင်း.ယှဉ်ကြည့်လို့
……………………..တနေ့မှာ
ငါ့ထက်…..နင့်အပေါ်……မက် နိုင်တဲ့သူ
ငါ့နီးပါး…နင့်ထံ…..ခစား..နိုင်သူ
ငါ့လို….နင့်အပြစ်တွေ…ချစ်နိုင်တဲ့သူ
မရှိရိုးအမှန်…..သိလာတဲ့အခါ
နင်…လှမ်း…ပြန်..ခဲ့..ပါ…
ဘာပဲဖြစ်ဖြစ်….ငါ….
တောင်း
ပန်….ကာ…….သိက္ခာတွေ..ခ၀ါချထား..ပါတယ်
ငါ..ကမ်း…မှာ..နင်..လှမ်း…ကပ်ပေးပါ
(ငါ့ကို…မှ..နင်မုန်း……
မုန်း…လိုက်ပါ့အဆုံးထိ……
အချစ်လို့သာ…ငါ..ယူဆ..
ထွေးပိုက်ကာယုယနေပါတယ်)
ငါ…နင့်…ကို….
…………….အချစ်လွန်……
အချစ်ပို…..မိ….ခဲ့တယ်။ ။
(ငါ…နင့်…ကို….အချစ်လွန်……
အချစ်ပို…..မိ….ခဲ့တယ်)
Comment #4
အရေးအသား တော်တော်ထက်တယ်ဗျာ ။ အားပေးသွားပါတယ် ။
Comment #5
နင့်ကိုငါချစ်တယ်..
ငါ..နင့်ကိုချစ်တယ်
ချစ်တယ်နင့်ကိုငါ
ငါချစ်တယ်နင့်ကို
အပြန်ပြန်အလှန်လှန်….အဖြေရှာ
မျက်ရည်..တို့..၀ဲ..ကျလာပေမယ့်
ငါ..လိုချင်သလို
နင်ငါ့ကိုချစ်တယ်……ဖြစ်မလာခဲ့ဘူး။
Comment #6
အားပေနေပါတယ်……။
Comment #7
(ငါ….ရက်မှန်မှန်….လွမ်းနေတယ်ဆိုတာ…..နင်…သိသင့်တယ်)
မိုးရေ…………. အားပေးသွားပါတယ်.
Comment #8
“ကျေးဇူးပြု၍ ငါ့ကို..နင်…….လက်ကမ်း..ပေးပါ”
(ငါတို့…ပြန်မဆုံတော့ဘူးဆိုတာ……..ဘယ်တော့မှ….မယုံကြည်ပေးနိုင်ခဲ့ဘူး)
ရာဇ၀င်တွေ..ရိုင်းချင်ရိုင်းပစေ
အသစ်တွေကြားမှာ
နင်…နှိုင်း.ယှဉ်ကြည့်လို့
……………………..တနေ့မှာ
ငါ့ထက်…..နင့်အပေါ်……မက် နိုင်တဲ့သူ
ငါ့နီးပါး…နင့်ထံ…..ခစား..နိုင်သူ
ငါ့လို….နင့်အပြစ်တွေ…ချစ်နိုင်တဲ့သူ
မရှိရိုးအမှန်…..သိလာတဲ့အခါ
နင်…လှမ်း…ပြန်..ခဲ့..ပါ…
ဘာပဲဖြစ်ဖြစ်….ငါ….
တောင်း
ပန်….ကာ…….သိက္ခာတွေ..ခ၀ါချထား..ပါတယ်
ငါ..ကမ်း…မှာ..နင်..လှမ်း…ကပ်ပေးပါ
ဘယ်လိုနှစ်သိမ့်ရမှန်းတောင်မသိတော့ဘူးဗျာ………ရက်ရက်စက်စက်ကို
ကောင်းလွန်းပါတယ်။
Comment #9
ကျွန်တော်လည်း အားပေးခဲ့ပါတယ်ဗျာ…….
Comment #10
အရင်က..ငါမှားခဲ့တယ်…
အခုလည်း…ငါမှားနေတယ်
နောက်လည်း….ငါပဲ…မှားလိမ့်မယ်
ဘာဖြစ်လို့လည်း..ဆို
နင်..ဟာ….င့ါ..တသက်တာမှာ..
တန်ဖိုး…ဖြတ်…အခက်ဆုံးသူ……..
ကျေးဇူးပြုပြီး….ငါ့အပြစ်တွေ….ချေဖျက်..ပေးပါ
(ငါ….ရက်မှန်မှန်….လွမ်းနေတယ်ဆိုတာ…..နင်…သိသင့်တယ်)
မမိုး…ထိသွားပြီးးးးးးကြိုက်တယ်ဗျအားပေးနေပါတယ်။
Comment #11
အားပေးတဲ့မောင်နှမများအားလုံးကျေးဇူးတင်ပါတယ်
Comment #13
နင့်ကိုငါလွမ်းတယ်
ငါနင့်ကိုလွမ်းတယ်
လွမ်းတယ်နင့်ကိုငါ
ငါလွမ်းတယ်နင့်ကို
အမျိုးအမျိုးအဖုံဖုံ….ဖွင့်ချ…တွေးဆကြည့်မိတယ်
ဒါပေမယ့်
နင်..ငါ့ကို..လွမ်းတယ်…လို့…..ဖြစ်မလာခဲ့ဘူး။
(ငါတို့..အတွေး…ချင်း..တောင်……..ဝေး…ခဲ့တယ်)
ever ကွဲနေတဲ့မိုးတို့ ရေးချက်များ ကောင်းကို ကောင်းလွန်းပါတယ်ဗျာ..
Comment #15
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…
Comment #16
really really really nice.
Comment #18
the art of loving,,,,,
so touch to my heart.
i feel that this wonderful poem is really really excellent.
Comment #19
thank u so much …alllll
with respect
Comment #20
read again par,,
he,,he,,
kha na kha na phat nay tar sate ma soe par ne naw.
Comment #22
21 Comments & 362 Views & 362 Big Likes
Comment #1
oh,,,my god,
so much good,
really perfect.
the art of loving.
really really nice.
i m also proud of being no.1 of this beautiful poem.