လိုက်ရဲလား..
ယုံကြည်မည်လား စကားနှစ်လုံး
သူ့နှလုံးအိမ်ထံ ပြောခွင့်ရရင်…
ဝင်လာရဲလား လင်းမဲ့လမိုက်
လင်းရောင်ခြည်မဲ့ မှောင်ကာအတိ
ဒီလိုဘဝထဲ….
အေးတူပူအမျှ လက်တွေတွဲကာ
နေချင်သော်လည်း လင်းမဲ့ဘဝ
ကိုယ်ဘဝထဲ လာဖို့အားတွေ
သူ့မှာရှိပ့ါမလား….
ရှိတယ်ထားဦး လက်တွေတွဲကာ
ရင်ဆိုင်ကျော်လို့ နေချင်သော်လည်း
ချစ်တိုင်းမညား ဒီလိုဖြစ်မျိုး
ကြုံတွေခဲ့ရင် သူ့ရဲသိုင်းဝိုင်း
ဘေးစကားတွေ ကန့်သတ်ချက်များ
ခွဲရက်စွန့်ခွာ ရင်ဆိုင်ကျော်လို့
လင်းမဲ့ဘဝ ကိုယ့်ဘဝထဲ
လိုက်ရဲပါမလား…
တောင်းဆုတစ်မျှင် ဆုမွန်ခြွေလို့
လာဖို့အားတွေ သူ့မှာရှိပါစေ..
Second Two
26.8.09
7:50 pm
Comment #2
ma khaw ye be ne myar?

Comment #3
2013 feeling

Comment #4
တကယ့်ကို မိုက် မိုက်တား မိုက်တက်စ်ပါပဲ ကဗျာက ~~
With respect,
RAY

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
shi par de so hma.
he,,,he,,