ဖွားဖက်တော်
ကောင်းကင်ကြီး ကိုမော့ကြည့်ရင်း
သက်ပြင်းတွေကို ရှုရှိုက်ရင်း
အထပ်ထပ်ဟောင်းနေတဲ့
မေးခွန်းကိုအခါခါ ငါမေးနေမိတယ်.
ဘာကြောင့်အမြဲရှုံးရတာလဲ…
ကံဇာတ်ဆရာရယ်…
ဘာလို့များ ငါ့ဇာတ်ညွှန်းကို ဒီလိုများရေးမိရတာလဲ…
နဲနဲများပြင်ရေးပေးပါလားလို့အထွန့်တက်ချင်ပေမဲ့
ငါ့ကို အခွင့်အရေးမပေးဘူးနော်……..
မြှားနတ်မောင်ရယ်…….
နင်ရေးတဲ့စာ ငါ့အလှည့်မှမှင်ရည်ကျဲသွားသတဲ့…
ခုတော့ နားလည်ပီဟာ………..
အရှုံးဆိုတာ ငါ့ရဲ့ဖွားဖက်တော်ပဲဆိုတာ…..
သေချာတာ တခုကတော့
ငါကျရာနေရာမှာ ငါအကောင်းဆုံးကခဲ့တယ်…..
ငါ့ရဲ့ဖွားဖက်တော်နဲ့ပေါ့………
Comment #2
(ကံဇာတ်ဆရာရယ်…
ဘာလို့များ ငါ့ဇာတ်ညွှန်းကို ဒီလိုများရေးမိရတာလဲ…
နဲနဲများပြင်ရေးပေးပါလားလို့အထွန့်တက်ချင်ပေမဲ့
ငါ့ကို အခွင့်အရေးမပေးဘူးနော်……..
မြှားနတ်မောင်ရယ်…….)
ကြိုက်တယ်။
Comment #4
ကဗျာလေး တယ် ကောင်းတယ်ဗျာ ။ ဒါနဲ့ မသိလို့ မေးပါရစေ ဖွားဖက်တော်က အဖိုးထင်တယ်နော် ( just kidding ) ။
Comment #5
great.
Comment #6
x-ray ရေ တော်တယ်………အဖွားဖက်တာအဖိုးပဲ. ဟီး
မောင်နှမတွေအားလုံးကိုကျေးဇူးတင်ပါတယ်…….
Comment #7
ကျွန်တော် မတော်ပါဘူး မမေခရယ် ကျွန်တော်က နောက်လိုက်တာပါ ။
Comment #1
ကံဇာတ်ဆရာရယ်…
ဘာလို့များ ငါ့ဇာတ်ညွှန်းကို ဒီလိုများရေးမိရတာလဲ…
နဲနဲများပြင်ရေးပေးပါလားလို့အထွန့်တက်ချင်ပေမဲ့
ငါ့ကို အခွင့်အရေးမပေးဘူးနော်……..
မြှားနတ်မောင်ရယ်…….
နင်ရေးတဲ့စာ ငါ့အလှည့်မှမှင်ရည်ကျဲသွားသတဲ့…
ခုတော့ နားလည်ပီဟာ………..
မမေခ..အားပေးသွားပါတယ်။