အဖြူရောင်အတ္တ
ငါဖြစ်ချင်တာနင့်ရဲ့ကောင်းကင်
ငါလိုချင်တာနင့်အချစ်
နင့်အပြုံးတွေကငါနဲ့ပဲဆိုင်ရမယ်
နင့်ဂရုစိုက်မှုတွေက ငါ့တစ်ယောက်တည်းအတွက်ဖြစ်ရမယ်
နင်ခိုနားရာ ငါပဲဖြစ်ရမယ်
ငါ့မီးအိမ်ရှင်အဖြစ် နင်ရှိနေရမယ်
ငါပြိုလဲရင်နင်ထူပေးရမယ်
နင်အားကိုးရာ ငါတစ်ယောက်တည်းဖြစ်ရမယ်
နင့်အပြုံးတွေရဲ့တစ်ဦးတည်းသောပိုင်ရှင်
ငါပဲဖြစ်ရမယ်…….
ငါ့အိပ်မက်ထဲတိုင်းမှာ နင်ရှိနေရမယ်
ငါ့အလွမ်းတွေကိုနင်ပိုင်ရမယ်
နင်တမ်းတရာ ငါ့ရင်ခွင်ပဲဖြစ်ရမယ်
နင့်အတွက်နှစ်သိမ့်ရာ
ငါ့ပခုံးထက်ပဲဖြစ်ရမယ်….
နင်ယုံကြည်ရာ ငါ့နှလုံးသားဖြစ်စေမယ်
ဒါ….
ငါလိုချင်တဲ့ ငါ့ရဲ့အဖြူရောင်အတ္တတွေမို့….
နင်တစ်ယောက် လိုက်လျောဖို့ကောင်းတယ်
P.S.တစ်ယောက်တည်းအတ္တတွေနဲ့လွမ်းနေရတာကို မသိယောင်ဆောင်နေသူသို့…..
Comment #2
hote de.
hote de,
right,
right,
i totally agree with u,

Comment #3
ဟုတ်တယ်..အဲဒါအမှန်ပဲ.
goodတယ်..။

Comment #6
like so much that read again par.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟုတ်ပါတယ်.. မှန်လည် မှန်တယ်.. ကိုချစ်တဲ့သူကို ကိုတယောက်ထဲ ပိုင်ဆိုင်ချင်းတာ..
ကိုယ့်ရဲ့ဖြူးစင်တဲ့အတ္တပေါ့… ချစ်တဲ့သူကိုပိုင်ဆိုင်နိုင်ပါစေ..