ရှားပါးလာသော အိမ်မက်များ – နရီထက်
နာကျင်မှုဒဏ်ကို ချွေးသိပ်တဲ့အခါ
ကလေးဘ၀ကို ပျော့ပျောင်းလက်ခံစေတယ်
လက်ညှိုးနှင့် လက်ခလယ် ကော့ကွင်းထားတဲ့အခါ
ငါ ကို ခေါ်မှာ လား
မခေါ်ဘူးလား
နင်ရော ငါရော အပြစ်ကင်းစင်နေကြတယ်
တူတူပုန်းတမ်းကစားတဲ့အခါ
နတ်ဖွက်မှာ ကြောက်နေတယ်
ဖျာလိပ်နတ်က လာခေါ်မှာကိုလည်း စိုးရိမ်တယ်
နင်ရော ငါရော ပျော်ခဲ့ကြတယ် မဟုတ်လား
ထမင်းသုပ် လက်သုပ် အစမ်းပွဲတွေမှာ
နင်က ခဏခဏ ဘုတ်သေး တဲ့
ငါကလည်း ကျောက်ရုပ်ပေါ့
မိုးတိမ်တွေကို မော့ကြည့်ရင်
အရပ်တွေ ရှည်ချင်တယ်
လွယ်အိတ်တွေလွယ် အတန်းကျော်ကာ
လူကြီး အဖြစ်မြန်ချင်ကြသေးတယ်
အခုတော့လည်း နှင်းဆီက ဆူးတွေနှင့်
လှိုင်းတွေက ကမ်းစပ်နှင့် အနေနီးလာတယ်
နင်လည်း နောက်တစ်ယောက်နှင့်
ငါလည်း နောက်ကောက်မကျဘဲ…
တွဲနေလိုက်တာ …
သူငယ်ချင်းတွေပါတဲ့…
နောက်လူတွေကို ပြောလိုက်သေးတယ်
ရင်ထဲမှာ ဘာညာဘာညာနှင့်
ိစိတ်ထဲမှာ အရွဲ့တိုက်နေတာလားတဲ့
မဆီမဆိုင် မေးကြည့်ချင်တယ်
အခုတော့လေး…
ငါလိုချင်တာ…
နင်က ဘုတ်သေးဆိုရင်
ငါက ကျောက်ရုပ် ပေါ့….။ ။
နရီထက်
( ၀၃ ၊ သြဂုတ်လ ၊ ၂၀၁၁ )
Comment #2
အခုတော့လည်း နှင်းဆီက ဆူးတွေနှင့်
လှိုင်းတွေက ကမ်းစပ်နှင့် အနေနီးလာတယ်
နင်လည်း နောက်တစ်ယောက်နှင့်
Comment #4
အခုတော့လေး…
ငါလိုချင်တာ…
နင်က ဘုတ်သေးဆိုရင်
ငါက ကျောက်ရုပ် ပေါ့….
အားပေသွားတယ်အကိုကြီး
Comment #7
ကောင်းတယ်ဗျ….အားပေးနေတယ်…ကိုနရီထက်
Comment #8
နာကျင်မှုဒဏ်ကို ချွေးသိပ်တဲ့အခါ
ကလေးဘ၀ကို ပျော့ပျောင်းလက်ခံစေတယ်
လက်ညှိုးနှင့် လက်ခလယ် ကော့ကွင်းထားတဲ့အခါ
ငါ ကို ခေါ်မှာ လား
မခေါ်ဘူးလား
နင်ရော ငါရော အပြစ်ကင်းစင်နေကြတယ်
အားပေးသွားပါတယ်။
Comment #9
ကောင်းတယ်အကို နာကျင်မှုဒဏ်ကို ချွေးသိပ်တဲ့အခါ
ကလေးဘ၀ကို ပျော့ပျောင်းလက်ခံစေတယ်
လက်ညှိုးနှင့် လက်ခလယ် ကော့ကွင်းထားတဲ့အခါ
ငါ ကို ခေါ်မှာ လား
မခေါ်ဘူးလား
နင်ရော ငါရော အပြစ်ကင်းစင်နေကြတယ်အခုတော့လည်း နှင်းဆီက ဆူးတွေနှင့်
လှိုင်းတွေက ကမ်းစပ်နှင့် အနေနီးလာတယ်
နင်လည်း နောက်တစ်ယောက်နှင့်
ငါလည်း နောက်ကောက်မကျဘဲ…
တွဲနေလိုက်တာ …
သူငယ်ချင်းတွေပါတဲ့…
နောက်လူတွေကို ပြောလိုက်သေးတယ် အဲ့အပှဒ်လေးတွေ ကိုပိုလို့  ကြိုက်တယ်။ကိုကြိး။ဆက်အားပေးနေမယ် နော်……….
Comment #10
မြင်အောင် ပြနိုင်တယ်….ကောင်းလွန်းပါတယ်ဗျာ
Comment #1
စာသားလေးတွေ မိုက်တယ်… ကဗျာလေးက ချစ်စရာလေး .. ငယ်ငယ်ဘ၀ကို ပြန်ရောက်သွားသလိုပဲ