စိတ်ကောက်သူ
မိုးငိုတယ်…
ငါလည်း ငိုတယ်…
မိုးငိုတော့ မိုးရေ စက်တွေ ပိုးပိုးပေါက်ပေါက် ရွာသွန်း
ငါ ငိုတော့ ရင်ခွင်တစ်ခုလုံး အုံ့မှိုင်းသွေ့ခြောက်
ကိုယ့် နှလုံးသား ပက်ကြားအက်
ကိုယ် ပြန် မြင်နေရတယ်
စိတ်ထဲမှ
အခါများစွာ ရုတ်သိမ်းဖြစ်သော ချစ်ခြင်းတရားများ…
အခါများစွာတည် ဆောက်ဖြစ်သော အတ္တ မာန များ…
အခါများစွာ ပြောဖြစ်သော လမ်းခွဲ စကားများ…
အရိပ် ကလေး တစ်ချက် ဖျတ်ခနဲ
ခံတပ်တွေ အဆင့်ဆင့် လဲ ပြိုရုံ လေပြည်လေး တစ်ချက်ပေါ့
မျက်တောင် စိပ်စိပ် မျက်ဝန်း တစ်စုံက
စကားလုံးတွေကို ဆွံအ သွားစေခဲ့
ဒီလိုနဲ့…
မိုးလည်း မငိုတော့ ဘူး
ငါလည်း မငိုတော့ ဘူး
မိုး မငိုတော့ ကောင်းကင် ပြင်ဟာ ပကတိ ကြည်လင်
ငါ မငိုတော့ အပြုံးတွေ ကော့ ပျံ လွင့် စင် လို့
နှစ်ကိုယ့် တစ်စိတ် ၀န်းကျင်လေး
ခဏချင်းပဲ လင်း ချင်း သွားခဲ့……..။
Comment #2
ကောင်းပါတယ်။
Comment #3
wow….
sound great.
Comment #5
နှစ်ကိုယ့် တစ်စိတ် ၀န်းကျင်လေး
ခဏချင်းပဲ လင်း ချင်း သွားခဲ့……..။
Comment #6
He..he..
Hote de.
Comment #1
အားပေးသွားပါတယ်။