“ရနံ့ပြယ်ကြယ်…ရဲ့…နောက်ဆုံး…ဆန္ဒ”
ဘ၀အခါးတွေကြောင့်
လမ်းမှားလျှောက်ခဲ့..သူပါ
စက်ဆုပ်ရွံရှာခြင်း…ဆိုတဲ့
အပြစ်ဒဏ်
မောင်..ပေးရက်ရင်
ရင်ခွင်ပိုက်ကာ….မေ…ထိန်းသိမ်းပါ့မယ်
ဘာလိုဖြစ်ဖြစ်
မောင့်အတွက်ဆို…
အဖြူရောင်လေး….ဖြစ်ခွင့်ရသမျှ…
….ဖြစ်….ချင်…ခဲ့….တယ်။
ဘ၀ခြားပေမယ့်….
……..ရင်ခွင်မခြားပါဘူး
မောင်က..”နေ”ဆို…..မေက”နေကြာ”
မောင်က…”လမင်း”ဆို..မေက”ကြယ်ပွင့်”
မောင့်ရဲ့နံဘေး..အတိတ်တွေ
အရိပ်အဖြစ်ချန်ရစ်
အမှားတချို့များရှိခဲ့ရင်…..
…ဖန်တီးသူ….မေ သာဖြစ်ခွင့်ပြုပါ။
မြုပ်ကွက်များစွာနဲ့
လောကဇာတ်ခုံထဲ
အမှား..အမှန်..ကွဲပြားဖို့
အဖြူအမည်း…ခွဲခြားဖို့
အချိန်
……..အလွန်အကျွံလည်း….
ပေး..ကောင်း…ပေးရတတ်
အသည်းနှလုံး..လည်း
……ကြွေ..ကောင်း..ကြွေ..ရတတ်..တာမို့
အတိတ်နဲ့ပစ္စုပ္ပနှ်မှာ..
အကောင်းဆုံးတွေသာ..မောင့်အတွက်
ပေးဆပ်ခဲ့ဖူးတာ…သတိရ
တစက္ကန့်စာလောက်…မေ့ရင်ခွင်
မှန်း….ဖတ်တတ်ခဲ့မယ်ဆို
…
နောက်
…….အနာဂတ်ပေါင်းများစွာမှာ
အပြုံးတွေသာ…ထာဝရ..”ဝေ”
ကျေးဇူးပြု….၍..
မောင်……..မငိုပါနဲ့။
(သံသရာဆိုတာ…စ၊လယ်၊ဆုံး
မောင့်အတွက်သာ…ဖြစ်ချင်ခဲ့သူ
မေ….ကြွေလွင့်ရကျိုးနပ်..ပါရစေ)
Comment #2
ဘ၀ခြားပေမယ့်….
……..ရင်ခွင်မခြားပါဘူး
မောင်က..”နေ”ဆို…..မေက”နေကြာ”
မောင်က…”လမင်း”ဆို..မေက”ကြယ်ပွင့်”
မမိုး…ကောင်းလိုက်တဲ့အသုံးအနှုန်းလေးတွေ
ကြိုက်တယ်အားပေးသွားပါတယ်။
Comment #3
ဘ၀ခြားပေမယ့်….
……..ရင်ခွင်မခြားပါဘူး
မောင်က..”နေ”ဆို…..မေက”နေကြာ”
မောင်က…”လမင်း”ဆို..မေက”ကြယ်ပွင့်”
မမိုး…ကောင်းလိုက်တဲ့အသုံးအနှုန်းလေးတွေ
ကြိုက်တယ်အားပေးသွားပါတယ်။
Comment #4
.အနာဂတ်ပေါင်းများစွာမှာ
အပြုံးတွေသာ…ထာဝရ..”ဝေ”
ကျေးဇူးပြု….၍..
မောင်……..မငိုပါနဲ့။
(သံသရာဆိုတာ…စ၊လယ်၊ဆုံး
မောင့်အတွက်သာ…ဖြစ်ချင်ခဲ့သူ
မေ….ကြွေလွင့်ရကျိုးနပ်..ပါရစေ။
…..မမိုးေ၇…ဘု၇င်မ အားပေးသွားတယ်နော်
Comment #6
ဘာလိုဖြစ်ဖြစ်
မောင့်အတွက်ဆို…
အဖြူရောင်လေး….ဖြစ်ခွင့်ရသမျှ…
….ဖြစ်….ချင်…ခဲ့….တယ်။…
စာသားလေးက မိုက်တယ်ဗျာ
……………….မိုးရေ….အားပေးသွားပါတယ်။
Comment #7
nice
Comment #8
အဖြူရောင်လေး….ဖြစ်ခွင့်ရသမျှ…
….ဖြစ်….ချင်…ခဲ့….တယ်။
အဖြူရောင်လေး….ဖြစ်ခွင့်ရသမျှ…
….ဖြစ်….ချင်…ခဲ့….တယ်။
အဖြူရောင်လေး….ဖြစ်ခွင့်ရသမျှ…
….ဖြစ်….ချင်…ခဲ့….တယ်။
Comment #10
ကဗျာ ကနဦးပိုဒ်လေး ဖတ်လို့အကောင်းဆုံးဘဲဗျာ။ အားပေးသွားပါတယ် ။
Comment #11
နောက်
…….အနာဂတ်ပေါင်းများစွာမှာ
အပြုံးတွေသာ…ထာဝရ..”ဝေ”
ကျေးဇူးပြု….၍..
မောင်……..မငိုပါနဲ့။
(သံသရာဆိုတာ…စ၊လယ်၊ဆုံး
မောင့်အတွက်သာ…ဖြစ်ချင်ခဲ့သူ
မေ….ကြွေလွင့်ရကျိုးနပ်..ပါရစေ)
ever ကွဲနေတဲ့မိုးတို့ ရေးချက်များ လက်ကုန်ကောင်းလွန်းပါတယ်..
Comment #14
ကျေးဇူးတင်ပါတယ်…အားလုံးပဲ..အထူး..ကျေးဇူးပါခင်ဗျာ
Comment #1
မောင့်အတွက်ဆို…
အဖြူရောင်လေး….ဖြစ်ခွင့်ရသမျှ…
….ဖြစ်….ချင်…ခဲ့….တယ်။….
အဲ စာ သား ကို သဘောကျတယ်