ဒီနေ့တော့
သာယာတဲ့ မနက်ခင်း
ပန်းအဖြစ်ပွင့်ပေးပါ
အကြင်နာစကားနဲ့ …. ။
တွယ်တာမိ ရင်ထဲ
သိုဝှက်လို့မထားချင်ဘူး
အချစ်ရဲ့ စေစားရာ …. ။
ဟန်ဆောင်တဲ့ အပြုံး
နှလုံးသားကြောင့်များလား
မနာကျင်ပါရစေနဲ့နော် … ။
နေခြည်ဦး စပွင့်
ကော်ဖီအေးအောင်တွေးမိတယ်
တို့နှစ်ဦးအကြောင်း ….. ။
သိက္ခာတို့ ဖယ်လို့
အပြုံးတစ်စလစ်ဟ
ချစ်လားမချစ်လားပြောပါ
ဒီတစ်နေ့တော့ ……. ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
wow,,,,,,,,,,,
mike de.
mike de.
mike de.