ငါ့အတွက်…..မင်း
ငါ့ရင်ခွင်ကို
ခြေသံခပ်ပြင်းပြင်းနဲ့ ဝင်လာခဲ့သူ
ထွက်သွားတော့လည်း ခြေဆောင့်ခဲ့ပါလား
အခုတော့ နှုတ်ထွက်စာလေးတောင်မတင်ခဲ့ဘူး
မင်းပါးစပ်ကထွက်လာတိုင်း အသွားထက်တဲ့ဓားတွေပါလား
ဒါတောင် ငါက ကြင်နာစွာဆုပ်ကိုင်ပေးခဲ့တယ်
ချိုသကာမလိုဘူး
မင်းဓားလေးတွေထက်ဖို့ ငါ့လက်ပေါ်သွေးချင်ရင်တောင်
စိတ်ရှိတိုင်းသွေးလိုက်စမ်း ငါခွင့်ပြုတယ်
ဓားဒဏ်ကြောင့် ငါ့လက်ပစ်ရတောင်
မင်းဓားလေးတွေ အရောင်လက်နေတာကြည့်ပြီး
ငါဖြေသိမ့်လိုက်မယ်
actionရှိရင် reactionရှိတယ်ဆိုတဲ့ Theoryကြီးမှန်တယ်
်တင်းကာ တင်းကာနွဲ့
ရင်ဘတ်ကြီးတစ်ခုလုံးသာ ရွဲသွားတယ်
Theory ကမှန်မလာခဲ့ဘူး
gravityကြောင့်ပန်းသီးကြွေရင်
အပင်ပေါ်မှာပုပ်တဲ့အထိကို ခဲနေမယ့်အသီးကတော့မင်းပေါ့
ငါ့မှာတော့ မင်းမာယာတွေရှေ့
ခဏခဏမှောက်ယက်လဲ
မင်းအသံတွေကြားရင် ဂယောက်ဂတမ်းလိုက်ရှာ
မင်းခြေသံတွေကို အလွတ်ကျက်
မင်းပုံရိပ်တွေကို ခေါင်းထဲရိုက်ထည့်ပြီး
မင်းအကြည့်တွေ ငြိမ်သက်နေရင်
နှလုံးသားကို ဆေးထိုးထားရတယ်
အ ရေး ပေါ် လွန် သွား ပြီ…….
ငါဆိုတဲ့ကောင် မင်းမုန်းခဲ့တာသေချာရင်
ငါ့နှလုံးသား ခွဲတမ်းမှာ
မင်းနာမည်လေး တစ်စိတ်လောက်စာရင်းသွင်းပေးပါ
မင်း…မုန်း…တိုင်း…ထုတ်…ထုတ်…ပြီး…နင်း…ချေ…လို့…ရ…အောင်…ပေါ့ ။
4.8.2011.
3:00 AM
Comment #4
“actionရှိရင် reactionရှိတယ်ဆိုတဲ့ Theoryကြီးမှန်တယ်”
မှန်တယ် X-ray
မကေ လည်း မုန်းတယ်။ 🙂
အားပေးသွားပါတယ်….။
Comment #5
right..
i agree with u.
what action?
what reaction?
what gravity?
nothing….
hint,,,,,,,,,,,,,,
anyway,,so difficult to forget.so difficult to ….
it is called love.
Comment #6
အားပေးသွားတဲ့ ဆောင်းမိုးဇင် ၊ Snowflake ၊ လုလင်ငယ်သွေး ၊ ကေသရီ ၊ အိလေး တို့အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ် ။
Comment #7
😛
Comment #1
ငါ့ရင်ခွင်ကို
ခြေသံခပ်ပြင်းပြင်းနဲ့ ဝင်လာခဲ့သူ
ထွက်သွားတော့လည်း ခြေဆောင့်ခဲ့ပါလား
အခုတော့ နှုတ်ထွက်စာလေးတောင်မတင်ခဲ့ဘူး