အနိုင် ယူ သူ တို့ အရှုံး
လွှမ်းလှ ၍
နွမ်းလျှ လျှ..သာ ကျန် ပါ တော့ သည်..။
ချစ် ခြင်းဖြင့်သာ
တည် စေရာ ကြောင်း
ဆု တောင်း တို့ လည်း
ကွဲ ကြေ လွင့် ထွက်
ခြေ ဖျက် ခဲ့ ခြင်း
ထိုသော နေ့ တွင်..
ချစ် သူ ..မငို ပါ
ချစ် သူ ..မချိုသာ
တလျှပ် လျှပ် ခုန်
တုန် ရီ သွေး ပွက်
ပျက် ပျက် ယွင်း ယွင်း
သေခြင်း နှင့် ရှုံး
ငါ့နှလုံး…
ထိုသော နေ့ တွင်..
ချစ် သူ ..မငို ပါ
ချစ် သူ ..မချိုသာ
ဆုံး သတ် နှုတ် ဆက်
ပျော် လျက် ဖြင့် သာ
သာ သာ ရွှင် ပြုံး
သူ့မျက် လုံး ကား….
ငါ့ အား နိုင် ယူ
လှူပစ် ခဲ့သော
ထို သော နေ့တွင်
ချစ် သူ.. မငိုပါ
ချစ် သူ .. မချို သာ…။ ။
Comment #2
ကဗျာက ဖတ်ရတာတစ်မျိုးဘဲ ဆန်းတယ် ကျွန်တော့အတွက် ။ မှန်တယ်ဗျာ လောကမှာ အနိုင်ယူချင်စိတ်ရှိတဲ့သူဟာ နိုင်သွားတတ်ပေမယ့် အဲ့ဒါအမှန်တော့ ရှုံးသွားတာ စစ်မှန်တဲ့နိုင်ခြင်းကို အလျှော့ပေးလိုက်တဲ့သူ ခွင့်လွှတ်လိုက်တဲ့သူကဘဲ ပိုင်ဆိုင်သွားတာ ။
Comment #3
ကျေးဇူးတင် ပါ တယ်
Comment #5
ဟုတ်တယ်ဗျ..ကဗျာကတစ်မျိုးပဲ
ကောင်းတယ်အားပေးသွားပါတယ်။
Comment #6
ထိုသော နေ့ တွင်..
ချစ် သူ ..မငို ပါ
ချစ် သူ ..မချိုသာ
ဆုံး သတ် နှုတ် ဆက်
ပျော် လျက် ဖြင့် သာ
သာ သာ ရွှင် ပြုံး
သူ့မျက် လုံး ကား….
ငါ့ အား နိုင် ယူ
လှူပစ် ခဲ့သော
………………………….
နှစ်သက်….လျှက်…အားပေးသွားသည်
Comment #7
ကျေးဇူးတင် ပါ တယ် ..ခင် ဗျာ အာ လုံး ကို!!!
Comment #8
@_@
@_@
@_@
Comment #1
nice poem.