နှလုံးသားသက်သက်ဖြင့် ရေးဖွဲ့ သော
သိတတ်မှုတွေနဲ့ အလွမ်းရဲ့ အစကတော့ 
အစကတည်းက ယဉ်သကိုး..
မျဉ်းပြိုင် နှစ်ကြောင်း.ဆုံမှတ်တစ်ခုမှာ
မပေါင်းဖက်နိုင်သလို ..
တဖက်သတ် အတွေးတွေနဲ့ 
နွေနဲ့ မိုး ဆောင်း ..ရာသီ တွေကြားမှာ..
တဖြုတ်ဖြုတ်နဲ့ အလွမ်းတွေ ..ရွှာသွန်းခဲ့ရပေါ့ ..
သုံးနှစ် သုံးမိုး တန်ဖိုးထားတတ်တဲ့ အချစ်မျိုး..
ရုပ်ရှင်တွေထဲမှာတောင် ရှားပါးလာတော့ ..
အခုမြင် အခုကြိုက်..ခေတ်ကြီးထဲ..
သတိတရ ရှိခဲ့တဲ့ အလွမ်းတွေ ဈေးပေါခဲ့ ရ..
နှလုံးသား ဒိုင်ယာရီထဲက အချစ်ဦးဆိုတာ..
လွမ်းကောင်းယုံကဗျာရေးကောင်းယုံ..
အသည်းကွဲကောင်းယုံ သပ်သပ်ထက်တော့..
အနည်းငယ်တန်ဖိုးတစ်ခု ရှိကောင်းပါရဲ့ ..
လူမသိ သူမသိ ..တိတ်တခိုး ရှိုက်ခဲ့သော..
သက်ပြင်းတွေ ..မာနတွေ..ပျော်ရွှင်မှုတွေ.
အဲအချိန်ထဲက နောက်တစ်ခါပြန်မရနိုင်မှန်းသိခဲ့ ရင်..
ထို အတိတ်မှာပဲ….
ကိုယ်ကို ကိုယ် …
သဂြ်ုလ် ပစ်ခဲ့တယ်….(လုလင်ငယ်သွေး [email protected])
Comment #2
me too.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ထို အတိတ်မှာပဲ….
ကိုယ်ကို ကိုယ် …
သဂြ်ုလ် ပစ်ခဲ့တယ်….သဘောကျမိတယ်…
……………………..