နည်း နည်း မှ ကြည့် မ ရ ဘူး
မှေးထက်မှာမှဲ့လေး ပါးနှစ်ဖက်မှာပါးချိုင့်လေးနဲ့
ခင်ဗျားလေး နည်းနည်းမှကြည့်မရဘူး…..
ဖဝါးတော်နုနုမှာ ကတ္တီပါအပြာလေးအမြဲစီးတဲ့
ခင်ဗျားလေး နည်းနည်းမှကြည့်မရဘူး…..
လေရူးတိုင်းလွင့်ပြယ်တဲ့ ခင်ဗျားဆံနွယ်ကမွှေးရနံ့လေးတွေ
နည်းနည်းမှကြည့်မရဘူး…..
လမ်းလျှောက်ရင် ဇောင့်ကြွဇောင့်ကြွ
တိုက်မိရင် တောင်းပန်စကားမပြောတတ်တဲ့
ခင်ဗျားလေး နည်းနည်းမှကြည့်မရဘူး…..
ပန်းနုရောင်ခြယ် အပြုံးတွေနဲ့
ငါ့အကြည့်တွေ မှင်သေစေတဲ့
ခင်ဗျားလေး နည်းနည်းမှကြည့်မရဘူး…..
ရွှေသမင်မျက်လုံး အဝိုင်းသားလေးနဲ့
ငါ့ဘဝင်ကို ရူးအောင်လုပ်တဲ့
ခင်ဗျားလေး နည်းနည်းမှကြည့်မရဘူး…..
ဘယ်ကဗျာမှ စာသမမှီနိုင်တဲ့အမူအရာရိုးလေးတွေနဲ့
ငါ့ရင်ခွင်ကို မီးကင်သွားတဲ့
ခင်ဗျားလေး နည်းနည်းမှကြည့်မရဘူး….. ။
Comment #4
x-ray…
ကောင်မလေးကချစ်စရာတော်တော်ကောင်းမှာပဲနော်…။
ကြည့်မရဘူးကြည့်မရဘူးနဲ့…..
ကြည့်ရနေတယ်မဟုတ်လားးး?

Comment #5
အားပေးသွားတဲ့ အသဲကွဲမိုး ၊ လုလင်ငယ်သွေး ၊ moehtetaung18 ၊ poem.poem28 senior တို့အားလုံးကို ကျေးဇူးအများကြီး အများကြီး တင်ပါတယ် ။

Comment #7
ဟုတ်တယ်အေ … ကြည့်မရတာကများနေတယ်

Comment #8
အားပေးသွားသူအားလုံးကို ကဗျာကကြည့်ရပါတယ်ဗျ ကြည့်မရမဖြစ်ပါဘူး ။ အားပေးတဲ့ senior တွေအားလုံးက ချောချောလေးတွေပဲကို ထင်တာပြောပါတယ် တကယ်ချောမချောတော့မသိပါဘူး ။ ကျွန်တော့ကဗျာလေးကို ဖတ်ရှုအားပေးသွားတဲ့ ကိုလူဆိုး ၊ မသက်ထား တို့ကို ကျေးဇူးအများကြီးတင်ပါတယ် ။

Comment #9
😛
Nice creation

Comment #1
တကယ်ကြည့်မရတာလားဗျ…..အားပေးသွားတယ်