ခင်ဗျားအတွက် ကျွန်တော်က ဗီလိန်လူကြမ်း (မိုးထက်အောင်)
(၀း၀၁)
ဋ္ဌာန်ကရိုဏ်းကျကျ
အချိုဆုံး တောက်,ခတ်ပြရင်း
ကိုယ့်အမြီးကိုယ်ပြန်မြိုချ
(ကျွန်တော်…..)
လူတန်းစေ့ ကောက်ကျစ်ပြမယ်
(၀း၀၂)
ကိုယ့်မျက်လုံးကိုယ်မှိတ်ရင်း
ကိုယ့်အရိပ်ကိုယ်တက်နင်းလိုက်ပြီ
မီးတောက်တွေလည်း ဖူးပွင့်ကခုန်ကြစေ
(၀း၀၃)
ဒရွတ်တိုက်ဆွဲလာခဲ့ရတဲ့ ကိုယ်ကျင့်တရား
(အဲဒီ့သင်္ချိုင်းထဲမှာ…..)
ဂူသွင်းမြှုပ်နှံထားတယ်
(စိန်မခေါ်နဲ့ …….)
ကမ ၻာ့အေတာ္ဆံုး ဗီလိန္ဆိုတာ က်ဳပ္ပဲ
နတ်,ဖွက်ထားတဲ့အက္ခရာတွေနဲ့  ကဗျာရေးချင်တဲ့သူ
(၀း၀၄)
နတ်သမီးရေ…လမင်းရေ..လေညှင်းလေးရေ…
ဘယ်သူရေ….ဘယ်ဝါရေ….
…………………………………………………………..
(ပြီးတော့……..)
ခင်ဗျားကို ကျွန်တော်ချစ်တယ်
အဲဒီ့လို သီချင်းညည်းရင်း တိုးတိုးလေးတိုင်တည်မယ်
(ဒါပေမယ့်……)
မယုံကြည်ပေးပါနဲ့ …………….
(၀း၀၅)
ကိုယ့်နှုတ်ခမ်းကိုယ်ကိုက်ရင်း
တိတ်တိတ်လေးနေပေးခဲ့တဲ့သူ
(အခု……..)
အရိုးသားဆုံးညာလိုက်တယ်
(ခင်ဗျားရဲ့ ကုန်ကြမ်းမှာ………)
ကျွန်တော်လူကြမ်းလို့ ပဲ သတ်မှတ်လိုက်ပါတော့…..
……………………………………………………………….
(၀း၀၀)
ကိုယ့်အမြီးကိုယ်ပြန်မြိုချ
(ကျွန်တော်……..)
လူတန်းစေ့ ကောက်ကျစ်ပြလိုက်ပါပြီ
(ခင်ဗျားရဲ့ ကုန်ကြမ်းမှာ……..)
ကျွန်တော့်ကို လူကြမ်းကြီးလို့ ပဲ သတ်မှတ်နိုင်ပါတယ်ဗျာ…..
……………………………………………………………………………………………..။
မိုးထက်အောင်
Comment #3
ခင်ဗျားကို ကျွန်တော်ချစ်တယ်
အဲဒီ့လို သီချင်းညည်းရင်း တိုးတိုးလေးတိုင်တည်မယ်
(ဒါပေမယ့်……)
မယုံကြည်ပေးပါနဲ့ ……………
တော်တော်လေးကိုတော်ပါတယ်ဗျာ…တကယ်အားကျနှစ်ခြိုက်မိပါတယ်..
အားပေးနေလျှက် ဦးလေးတော် မိုးထက်

Comment #4
ဗီလိန်လူကြမ်းတဲ့လား ကြားရတာနဲ့တင်ရင်တုန်တယ် ကျွန်တော်ကသတ္တိရှိတယ်ဗျ ( just kidding ) ။ ကဗျာလေး ဖတ်လို့ကောင်းတယ် စာသားတွေ အရမ်းမိုက်တယ်ဗျာ ဂိုဏ်းစကားနဲ့ ပြောမယ်ဆိုရင်တော့ ဂိုက်မိုင်းတယ် ပေါ့ဗျာ ။ အားပေးသွားပါတယ် ။

Comment #6
သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ……။

Comment #7
ကိုမိုးထက်အောင်…
ကဗျာက မိုက်တယ်ဗျ
အားပေးသွားပါတယ်။

Comment #8
ကိုယ့်မျက်လုံးကိုယ်မှိတ်ရင်း
ကိုယ့်အရိပ်ကိုယ်တက်နင်းလိုက်ပြီ
(ဟိုးးးးးးးးကောင်းကင်ယံမှာ)
မီးတောက်တွေလည်း ဖူးပွင့်ကခုန်ကြစေ
ဒုတိယမ္ပိ အားပေးသွားပါတယ်ရှင်

Comment #9
ကိုယ့်အမြီးကိုယ်ပြန်မြိုချ
(ကျွန်တော်……..)
လူတန်းစေ့ ကောက်ကျစ်ပြလိုက်ပါပြီ
(ခင်ဗျားရဲ့ ကုန်ကြမ်းမှာ……..)
ကျွန်တော့်ကို လူကြမ်းကြီးလို့ ပဲ သတ်မှတ်နိုင်ပါတယ်ဗျာ

Comment #10
အားလုံးကျေးဇူးတင်ပါတယ်ဗျ…….

Comment #11
ကဗျာတစ်ခေတ်မှာ ဆရာစစ်ပါပေတယ်ဗျာ…
ကျွန်တော် အကို့ကို သဘောကျသွားပြီ…

Comment #13
### ခင်ဗျားအတွက်တော့ ကျွန်တော်က ဗီလိန်လူကြမ်းပါ ###

Comment #1
ဝင်ရောက် အားပေးသွားတယ်ဗျို့ 