နောက်…ထပ်မပြောပါနဲ့တော့(genius)
မင်းဘ၀မှာငါ့ကိုအချစ်ဆုံးလို့
ပြောခဲ့တယ်နော်…။
ငါ..လက်ခံထားတယ်။
ငါ..ယုံကြည်ထားတယ်။
ငါ..ဆုပ်ကိုင်ထားတယ်။
ငါ..ရင်ထဲမှာသိမ်းထားတယ်။
ကျေနပ်နော်…ချစ်သူ
မင်း..ချစ်တယ်ပြောတာကို
ကြောက်သွားလို့
မင်း..ရင်ခုန်တယ်ပြောတာကို
ကြောက်သွားလို့
မင်း..သနားတယ်ပြောတာကို
ကြောက်သွားလို့
နောက်…ထပ်မပြောပါနဲ့တော့
ခံနိုင်ရည်တွေမရှိတော့လို့
ငယ်စရာအားမရှိတော့လို့
ကွဲစရာအသည်းမရှိတော့လို့
တောင်းပန်ပါတယ်…ချစ်သူ။
မင်းဘေးနားမှာ
နေခဲ့ရသမျှ
တစ်စက္ကန့်
တစ်မိနစ်
တစ်နာရီ
အမှတ်တရအားလုံးကို
ထမ်းပိုးရင်း…
ငါတစ်ယောက်တည်း
အသဲကွဲကဗျာတွေနဲ့
ရှင်သန်နေပါရစေ..။
Comment #3
ကဗျာလေး ဝင်ရောက်ဖတ်ရှုအားပေးသွားသည် ။
Comment #4
really?
sure?
don’t want 2 hear?
so cruel.
hint,,,
ma chit dot bu lar?
just teasing u naw,
Comment #6
ဟေ့ ရဲမင်း….အားပေးသွားတယ်နော်…
Comment #7
အားပေးသွားတယ်နော်
Comment #9
ထပ်မပြောပါနဲ့ ဆိုတာတောင် ပေးလိုက်ကြတဲ့ ကွန်မန့်တွေ…………………။
Comment #10
ta yout de ma nay naing par bu,
nin shi hma pyit hmar pop.
dar taung ma ti bu lar loh.
Comment #11
အိလေး..ရော…ငါ့သူငယ်ချင်းလူပါးဝသူလေးေ၇ာ….
ငါ..ထိုင်ငိုမှာနော်…..။ဝိုင်းကြနေကြပါတယ်ဗျို့
Comment #12
sa par bu.
da ke,,,
da ke,,
nin ma shi loh ma phyit bu.
a de
Comment #13
read again
Comment #14
ကဗျာလေးကအရမ်းကောင်းပါတယ် ဖတ်ပြီးတော့ သနားတောင်လာတယ်
Comment #15
အခုချိန်ထိအားပေးကြတဲ့သူငယ်ချင်းများအားလုံးအားလုံးကျေးဇူးတင်ပါတယ်….
Comment #1
ဟုတ်..မပြောတော့ပါဘူး…အဟဲ
မောင်ရဲလေး…အားပေးနေပါတယ်