မအိပ်သော သူငယ်ချင်းများသို့
မထင်လိုက်ပါနဲ့
ကျေးလက်ရဲ့ညက
တိတ်တဆိတ်သွေးအေးလွန်းတယ်လို့
နားလည်တတ်ရင်
ညမှာလဲ ခေါင်းစဉ်မသေချာတဲ့ ခံစားချက်မျိုးစုံနဲု့
ညီးတွားနေမှာပါ
သံစဉ်ကြားတိုင်း တေးမသီနဲ့
လျှပ်ရောင်မြင်တိုင်းလဲ လန့်မခုန်လေနဲ့
ဒါတွေက ည ရဲ့ . . .
မင်း အတွက်တော့
ဒီလိုအချိန်မျိုးမှာ
ရောက်ဖူးတဲ့ အပမ်းဖြေကမ်းခြေတစ်ခုရဲ့
ဆည်းဆာချိန်ကို လွမ်းကောင်းလွမ်းနေလိမ့်မယ်
မင်းလိုပါပဲ …
တစ်ချို့က ညကို ကျိန်ဆဲနေတယ်
တစ်ချို့က ည နဲ့ဝေးရာကိုပြေးရင်း လမ်းပျောက်နေတယ်
တစ်ချို့က ည ထဲမှာ ဥစ္စာရှာတယ်
တစ်ချို့က ည ထဲက ပိုးစူးကြူးကို လိုက်ဖမ်းနေတယ်
တစ်ချို့က ည ထဲမှာ အိပ်မောကျနေလေရဲ့ …
လာပါ သူငယ်ချင်းရယ် …
မျက်ရည်တွေသုတ်ပြီး
ငါနဲ့အတူ ညနက်နက်ကို အလွတ်ကျက်ကြမယ်
မျက်တောင်မခတ်တန်းပေါ့
အချိန်တန်ရင်လေ …
အရုဏ်ရဲ့ ခွင့်ပြုချက်နဲ့
မင်းမျက်နှာပေါ်မှာ
အပြုံးတစ်ခုတွေ့ရမယ်လို့
ငါလောင်းရဲတယ် ။
Comment #2
ကျေးဇူးတင်ပါတယ် ကိုလုလင်ငယ်သွေး
မအိပ်သေးတဲ့ အဖေါ်အနေနဲ့ရောပေါ့
ငါလောင်းရဲတယ် ဆိုတာ တိတိကျ အာမခံတဲ့ အနေနဲ့ ရေးလိုက်တာပါ
နောက်ပီး နဲနဲလဲ မာန်ပါစေချင်လို့ပါ
နဲနဲထောက်နေတယ်ဆိုမှန်ပါတယ်
ကျေးဇူးပါဗျာ.
Comment #3
လာပါ သူငယ်ချင်းရယ် …
မျက်ရည်တွေသုတ်ပြီး
ငါနဲ့အတူ ညနက်နက်ကို အလွတ်ကျက်ကြမယ်
မျက်တောင်မခတ်တန်းပေါ့
Comment #5
nice.
Comment #6
ထပ်တူထပ်မျှပဲ…ခံစားးအားပေးလျှက်ပါ
Comment #8
good
Comment #10
သံစဉ်ကြားတိုင်း တေးမသီနဲ့
လျှပ်ရောင်မြင်တိုင်းလဲ လန့်မခုန်လေနဲ့
ဒါတွေက ည ရဲ့ . . . (ဖောက်လွဲဖောက်ပြန်ဖြစ်မှု့လို့တွေးတယ်ကွာ) 😀
နတ်သမီးတော့အဲ့လိုလေးဖြည့်တွေးသွားးတယ်
Comment #1
လာပါ သူငယ်ချင်းရယ် …
မျက်ရည်တွေသုတ်ပြီး
ငါနဲ့အတူ ညနက်နက်ကို အလွတ်ကျက်ကြမယ်
မျက်တောင်မခတ်တန်းပေါ့…..
တပုဒ်လုံးသဘောကျတယ် ကဗျာလေးက အေးချမ်းသလိုပဲ ဗျာ..
ငါလောင်းရဲတယ် ။ ဆိုတာလေးက နည်းနည်းထောက်သွားသလိုပဲ ကျွန်တော်အမြင်ပါ