မေတ္တာသံစဉ်
ရင်ထဲတိုးဝှေ့
နားဆင်စမ်းချင်
ရင်ခုန်သံစဉ်
သဲ့သဲ့ကြားလို့
စက္ကန့်တစ်ချက်
ပြောင်းလဲခုန်တက်
အသဲတုန်ခတ်
ခံစားမိနေ
ကြားရဲ့လား….ချစ်ရသူရေ။
မင်းအတွက်ရွယ်စူး
နှလုံးသားဦးမို့
မုန်းစကားမဆို
ရင်ခွင်နားလှည့်
ကိုယ့်အသက်ထက်
ချစ်လို့နေမယ်
ချစ်ရသူရယ်……။
သံယောဇဉ်ကြိုး
ချည်နှောင်တိုးလို့
ပြတ်လို့မသွားအောင်
ရင်ခွင်ခိုလှည့်
ခေါင်းလေးကပ်လို့
မင်းအပြုံးပန်း
ဆင်မြန်းချင်တယ်
ချစ်ရသူရယ်……..။
နေခြည်ထွေးပိုက်
လန်းဆန်းဖြာခိုက်
စိုပြည်ရနံ့
လှိုင်သင်းကြိုင်ဖက်
နုပါးပြင်ထက်
အနမ်းခဖို့
တွေးမိကြံရွယ်
မနမ်းရက်တယ်
ချစ်ရသူရယ်……။
ရင်ထဲပြန်ထည့်
ငုံထားမတက်
ချစ်ရလွန်းတော့
နှလုံးသွေးရပ်
ဖြစ်ကာသွားစေ
ချစ်လို့နေမယ်
ချစ်ရသူရေ……။
ကိုယ်လိုချင်တာ
အနမ်းမဟုတ်
မင်းရဲ့ရင်ထဲ
အေးမြချမ်းတဲ့
မေတ္တာသံစဉ်
နာဆင်ချင်တယ်
ချစ်ရသူရယ်…..။
Comment #2
သူလည်းတော်တော်ခံစားရပုံရတယ်
ဘာပဲဖြစ်နေနေ ကဗျာက ကောင်းလွန်းနေတယ်…….
အတော်ကိုတိုက်ဆိုင်တယ်လို့ပြောရမယ့် ……..
ကျေးဇူးပါပဲ …….
ရွှေဘိုက တစ်နေရာ

Comment #3
oh,,,oh,,,oh,,,
sound great.

Comment #4
like so much that read again .
i like both title & poem

Comment #5
feel again
😛

Comment #6
😛
So much lovely.

Comment #7
😉
😉
😉

Comment #8
so so sweet
so so cute

Comment #9
Super hyper love

Comment #1
ကြိုက်တယ်ဗျာ…