နီးစပ်ခွင့်ပြုပါတော့လို့ … ( လူဆိုး )
ကောင်းကင်ရဲ့ညိုရင့်ရင့် အရောင်က
တစ်ယောက်တည်းအဝေးမှာရပ်တည်ရတဲ့အခါ
အထီးကျန်မှုနဲ့ အလွမ်းတွေကိုသာ ဆောင်ယူလို့လာခဲ့တယ် ။
မျှော်လင့်ချက်တွေရင်မှပိုက် တွေဝေမှုတွေကိုဘေးဖယ်လို့
စက္ကန့်တွေရဲ့နောက်မှာ ငါဟာ ….
တစ်ကောက်ကောက်ပါအောင်လိုက်ရင်း တိတ်ဆိတ်တဲ့လေပြေနဲ့အတူ
ချစ်သူဆီရောက်အောင်လာခဲ့မယ် ။
ဘာပဲဖြစ်ဖြစ်ပါ ….
သများတွေလို ချစ်သူအနားအချိန်ပြည့်မနေနှိုင်သေးပေမဲ့
နေခြည်ဖြိုးဖြောက် မိုးသောက်ချိန်ရောက်လို့
နှိုးထလိုက်တာနဲ့ ပြုံးပြနေရှာတဲ့ ချစ်သူရဲ့ဓာတ်ပုံလေးကို
မြင်လိုက်ရယုံနဲ့ပဲ ကျေနပ်ပီတိဖြစ်ရပါတယ်လေ ။
ဒါပေမဲ့ … ချစ်သူရယ်
ကံကြမ္မာကိုတော့ တိုးတိုးတိတ်တိတ်လေးပန်ကြားမိတယ် ..
နီးစပ်ခွင့်ပြုပါတော့လို့ …။
Comment #2
me too.
as quick as possible.
good luck.
Comment #3
မြန်မြန်နီးစပ်ပါစေဗျာ…ဆုတောင်းရင်းအားပေးသွားတယ်
Comment #7
အော် ..သနားလိုက်တာလူဆိုးရယ်
Comment #9
aww,,,
dar so ne ne nay ya yin be lo pyit twar hmar le.
Comment #11
ကိုလူဆိုး shawte လေးနဲ့ ကိုလှူဆိုး အမြန်ဆုံး ဆုံဆည်းရပါစေ ။ ကဗျာလေး အားပေးသွားပါတယ် ။
Comment #1
နီးစပ်ခွင့်ရပါစေ…ဗျာ
ကိုလူဆိုး..
အားပေးသွားတယ်။