မြတ်နှိုးသူအတွက် .. ( လူဆိုး )
ကိုပြန်ရောက်ပီချစ်သူ .. လို့
ချစ်သူရဲ့ဓာတ်ပုံလေးကိုလှမ်းပြောရင်းနဲ့ မီးခလုတ်ကိုလှမ်းမဖွင့်ခင်
လုပ်နေကျအတိုင်းပေါ့ .. လက်တွေကကွန်ပြူတာရဲ့ပါဝါကိုအရင်ဆုံးနှိပ်မိနေပြီလေ ။
အားလုံးအဆင်သင့်ဖြစ်တာကိုတောင်မစောင့်နှိုင်ပဲ ဂျီတော့ကိုအရင်ဆုံးဖွင့်
ပြီးတာနဲ့ ဘယ်လောက်ထိချစ်တယ် .. ဘယ်လောက်ထိလွမ်းနေတယ်ပေါ့
ကို့ရဲ့ရင်ထဲကခံစားချက်တွေကို ချစ်သူသိအောင်ပြောပြနှိုင်တာကတော့ ဒီဂျီတော့လေးပေါ့။
ချစ်သူရေ ..ဒီနေ့ဘာလုပ်ဖြစ်တယ် .. ဘာစားတယ် .. သတိရတယ် ..
လွမ်းတယ် ….
…………………………… ……………..
……………….။
ချစ်ဖြင်းဖွဲ့ စာသားလေးတွေ ဒီဂျီတော့ရဲ့ chat history ထဲမှာ
ကိန်းအောင်းနေကြတယ် … တစ်နေ့တစ်မျိုးရိုးလည်းမသွားပါဘူး ..
ပြောစရာစကားကုန်တယ်လို့ကိုမရှိတာ ..။
နောက်တစ်ခုက ချစ်သူရဲ့ချစ်စရာကောင်းတဲ့ ဟန်အမှုအရာလေးကြောင့်
နမ်းရတာလည်းအမောပါပဲ .. ရှက်လည်းမရှက်နှိုင်ရှာပါဘူးလေ …နေ့ပေါင်းမြောက်မြားစွာမှာ
အလွမ်းပေါင်းမြောက်မြားစွာကို ကဗျာလိုတစ်မျိုး .. စာလိုတစ်မျိုးရေးလို့ ..အလွမ်းတေးတွေလည်းဆိုခဲ့ဖူးတယ်။
ကို့ရဲ့မျက်ဝန်းအိမ်မှာလည်း အလွမ်းမိုးစက်လေးတွေ သွန်းဖြိုးလို့ပေါ့။
ဂရုစိုက်ပါချစ်သူ..ကို့ရဲ့ မျက်ကွယ်ရာမှာ နေနေရတာ ချစ်တဲ့ ချစ်သူရဲ့အနား တစ်စက္ကန့်တောင်မခွဲပဲနေချင်တာပေါ့ကွာ။
ဘ၀ဆိုတာရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုနိုင်ဖို့ ကြိုးစားရင်း ကိုယ်စီကိုယ်ငှ တာဝန်တွေ ထမ်းဆောင်နေရချိန်မှာ
ချစ်သူရဲ့ လက်ဖမိုးလေးကို မြတ်မြတ်နိုးနိုး ဆုပ်ကိုင်လို့ ဘ၀ဆိုတဲ့ခရီးကို တူတူလျှောက်လှမ်းချင်မိတယ်။
ကိုကြိုးစားနေပါတယ်ချစ်သူ…ခုလည်းချစ်တယ် ..နောက်လည်းဒီထက်ပိုချစ်မယ် .. အရင်တုန်းကထက်ပေါ့။
ချစ်တယ်လို့ပြောတာထက်ပိုပြီးတော့ ချစ်ပါတယ်ချစ်သူ ..။
တစ်ဆိတ်လောက် ချစ်သူရယ် .. ကို့ရင်ထဲမှာအလွမ်းတွေပြည့်လာလို့ ခံစားချက်တွေကိုပုံဖော်ပြီးတော့
အလွမ်းကဗျာလေးတစ်ပုဒ်လောက်ရေးပြီး ..မေးပို့ထားတယ်နော် .. ချစ်သူလာရင်ဖတ်လို့ရအောင်လေ ..။
Comment #8
really nice.
really romantic.
i like very much.
thz so much,
all r same with my feeling.
Comment #10
😛
Comment #11
Feel again
Comment #12
so good!!!!!!!!!!
Comment #1
ဒါလဲ ဇင်မီမီချစ်အတွက်ပဲလား…