လမိုက်ညမှာ သာတဲ့နေ
ဒီပုတ်ထဲက ပဲ ပါပဲ
ဒီ ပဲ မဟုတ်တာနဲ့
ငါ့ကို စုန်းပြူးလို့ သမုတ်ကျ
( တဖြည်းဖြည်းတော့ )
စုန်းပြူးဘ၀ နေသားကျလာမယ်ထင်ရဲ့
တလောက မိုးခါးအိပ်မက်ထဲ
ဘ၀ကို ဆားရေစိမ်ကြည့်တော့
ပျော့ အိ ပုပ် သိုး
အံကြိတ်ရင်း လန့်နိုးလာရော
ငါ .. ဘဝ … လူတွေ
ခေါင်းကို ရာနှုန်းပြည့်ရမ်းနေလိုက်တယ်
၁၂ ရာသီ လမိုက်ဥယျာဉ်မှာမှ
နေပန်းစိုက်ချင်တဲ့ ကောင်လေး
အမှန်တရားကို ဓါးလို သွေးနေရတယ်။
ချီရွန် ( ပုလဲ )
Comment #2
လှချက် ဗျာ
By: 13th at Sep 30, 2013
Comment #3
၁၂ ရာသီ လမိုက်ဥယျာဉ်မှာမှ
နေပန်းစိုက်ချင်တဲ့ ကောင်လေး
အမှန်တရားကို ဓါးလို သွေးနေရတယ်။
နောင်ကြီး … လျှိုတယ် .. အရမ်းမိုက်တယ်
ခုမှ ဖတ်ရတယ် ..
By: မေပျို at Sep 30, 2013
Comment #4
မလျှိုပါဘူးဟာ အဲဒါရေးထားတာ ကြာပါပြီ
By: ChIr0N at Sep 30, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒီကဗျာလေး အရမ်းကြိုက်တယ်…
အဆုံးသတ်ထားတာ မိုက်တယ်