နေနဲ့လ…..မင်းနဲ့ငါ
ခမ်း နား တဲ့ မင်း အ ကြည့် တွေ အောက် မှာ
အလည်လာခဲတဲ့ ငါ့အပြုံးတွေ အနေကြာခဲ့ဖူးတယ်…
လှ ပ တဲ့ မင်း အ ပြုံး တွေ အောက် မှာ
မှေးမှိန်တဲ့ ငါ့အကြည့်တွေ အရောင်လက်ခဲ့ဖူးတယ်…
ရိုး လွန်း တဲ့ မင်း အ မူ အ ရာ တွေ အောက် မှာ
ခက်ထန်တဲ့ ငါ့ဘဝင်တွေ အနည်ထိုင်ခဲ့ဖူးတယ်…
နွေး ထွေး တဲ့ မင်း စ ကား လုံး တွေ အောက် မှာ
ခြစားနေတဲ့ ဦးနှောက်တစ်ခု ဆေးသောက်ခဲ့ဖူးတယ်…
ချစ် စ ဖွယ် မင်း ပြက် လုံး တွေ အောက် မှာ
အစိုမြဲနေတဲ့ ငါ့မျက်ဝန်းတွေ အချိန်ကြာကြာခြောက်ခဲ့ဖူးတယ်…
မင်းက နေ ဆို ငါက လလေးပေါ့…..
တူညီတဲ့ ကောင်းကင်ယံတစ်ခုတည်းမှာ
နေမင်း လမင်း သာနေတယ်
သို့သော်…အချိန်မတူ…အကွာအဝေးမတူဘူးလေ
မင်း နဲ့ ငါ ဆိုတာ
အဲ့ဒီလို ကောင်းကင်တစ်စင်းတည်းထွန်းလင်းနေတဲ့
နှိုင်း…ယှဉ်…မ…ရ…တဲ့…အ…ရာ…လေး…နှစ်…ခု…ပေါ့ ။
10th August , 2011.
4:20 AM
( ၁၃ ရက်နေ့က တင်လိုက်တဲ့ ကဗျာလေးပါ ပျောက်သွားလို့ ပြန်တင်ထားတာပါ ။)
Comment #2
ကိုလုလင်ငယ်သွေး ကျေးဇူးပါဗျာ ။
Comment #4
ိကိုလူဆိုး ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ ။
Comment #5
…ခံစား…အား…ပေး..သွားပါတယ်…ဗျာ
Comment #6
ီခံစားအားပေးသွားတဲ့ ကဗျာဆရာမလေး အသဲကွဲမိုး ကျေးဇူးပါဗျာ ။
Comment #1
မင်း နဲ့ ငါ ဆိုတာ
အဲ့ဒီလို ကောင်းကင်တစ်စင်းတည်းထွန်းလင်းနေတဲ့
နှိုင်း…ယှဉ်…မ…ရ…တဲ့…အ…ရာ…လေး…နှစ်…ခု…ပေါ့ ။
နောက်ထပ် ပြန်အားပေးသွားပါတယ်