ကြယ်ကြွေချိန်တိုင်းဆုတောင်းနေမယ် ( လူဆိုး )
အမှတ်တမဲ့နဲ့….သတိရမှုမှာ
ဘာအရောင်မှစွန်းထင်းမနေခဲ့ပါဘူး…ချစ်သူ
ကိုအရိုးသားဆုံးဝန်ခံရမယ်ဆိုရင်
အသက်ငင်နေတဲ့မြက်ပင်…ဝါဝါလေးတွေရဲ့
မိုးရာသီကို….တမ်းတခြင်းမျိုးနဲ့
ကိုလေ ……
ချစ်သူရဲ့…ရွန်းလဲ့လဲ့မျက်ဝန်းတွေကို
မက်မော….လွမ်းဆွတ်ဆဲပါ…ချစ်သူ
ဖြစ်နှိုင်မဖြစ်နှိုင်….ဖြစ်သင့်မဖြစ်သင့်
ကို့ဦးနှောက်က….အဆင်သင့်မဖြစ်ခဲ့ဘူး
တစ်နေ့လောက်မမြင်ရရင်…လွမ်းမယ်ချစ်သူ
အချစ်…ဆိုတဲ့အရာကလေ
ရွေးချယ်လို့မရသလို
ကန့်သတ်လို့လဲမရဘူး
ပြင်ဆင်ဖို့ဆိုတဲ့…အချိန်လဲမရှိဘူး
အချစ်စစ်ဆိုတာက ….
ကြယ်တံခွန်တစ်စင်းကို…နှစ်ပေါင်းများစွာစောင့်မှ
တစ်ကြိမ်..တစ်ခါပဲမြင်ရသလိုမျိုး
ကို့နှလုံးသားရဲ့…တစ်သက်မှာတစ်ခါပဲဖြစ်ပေါ်လာတဲ့
…” အချစ်မျိုး “..
အဲဒီလိုအချစ်မျိုးနဲ့…ကိုချစ်ကိုချစ်ခဲ့တာပါ…..ချစ်သူ
ကြယ်တွေကြွေတိုင်း….ဆုတောင်းနေပါတယ်..ချစ်သူ
ချစ်နဲ့အမြန်ဆုံး…ဆုံဆည်းပါရစေ….လို့လေ
အရမ်းချစ်တယ်ချစ်သူ ….
Comment #1
အဲလိုမျိုး ချစ်ပြချင်လိုက်တာ…အခွင့်အရေးမရှိတော့ ခက်တယ်…ဟီးးးးးး