တကယ်တော့..နောင်ရယ်
တကယ်တော့..နောင်ရယ်
အရာရာပြီးဆုံးသွားစေဖို့အတွက်
ပြတ်သားစေတဲ့ လမ်းခွဲစကား
ဘယ်သူကများ စပြောခဲ့လို့လဲ….
မင်းချိန်းထားတဲ့ တနင်္လာမှာ
သဲသဲမဲမဲ၇ွာခဲ့တဲ့ မိုးကပဲ အပြစ်လား
ဆိုင်ကယ်မှောက်ခဲ့တဲ့ ငါကပဲအပြစ်လား..ကွယ်…
တကယ်တော့..နောင်ရယ်
မင်းထွက်သွားခဲ့တယ်ဆိုပေမယ့်
မမေ့နိုင်ခဲ့တဲ့ ငါ့အတွက်တော့
အိပ်မက်တွေကိုစေစား
ညတိုင်းနင့်ဆီ အရောက်သွားခဲ့တယ်လေ…
တကယ်တော့..နောင်ရယ်
လွမ်းနေရရုံ သက်သက်
ငါကျေနပ်နေခဲ့တယ်မထင်ပါနဲ့
တောင်ပေါ်မြို့လေးကို စွန့်ခွာပြီး
ဗဟန်း-၃ လမ်းတလျှောက်မှာ
ခြေရာခြင်းထပ်အောင် နင့်ကိုရှာခဲ့တာ
သော့ခတ်ထားတဲ့ ၅လွှာကတိုက်ခန်းငယ်လေးဘေးမှာ
ငါစီးကျခဲ့တဲ့ မျက်ရည်တွေ မခြောက်သေးဘူး…
တကယ်တော့..နောင်ရယ်
မဆုံနိုင်အောင်ဝေးခဲ့ရပြီဆိုပေမယ့်
နင်ချစ်နေဦးမယ်ဆိုတဲ့ အသိတခုနဲ့
မျှော်လင့်ချက်ငွေ့ငွေ့လေးကိုဖက်တွယ်
နင်ပြန်လာမယ့်တစ်နေ့ကိုစောင့်နေခဲ့တဲ့ ငါပါ….
တကယ်တော့..နောင်ရယ်
ပြန်မတွေ့ဖြစ်ခဲ့ရင် အကောင်းသားကွယ်
ဟောင်းနွမ်းသွားတဲ့ ရာသီတွေကြား
နင့်အချစ်တွေပြောင်းလဲသွားမယ်လို့
ငါတကယ် ထင်မထားခဲ့တာပါ…
တကယ်တော့..နောင်ရယ်
ငါအရမ်းချစ်ခဲ့တဲ့ နင့်အတွက်
ငါရည်ရွယ်ခဲ့ဖူးတဲ့ ရင်ဘတ်တနေရာမှာ
ကွက်လပ်လေးသာ ရှိပါစေတော့..
ပြောင်းလဲဖို့ခက်တဲ့ ငါ့အတွက်တော့
နောက်ဆုံးရရှိခဲ့တဲ့ အမှတ်တရအဖြစ်
နင်ပို့လိုက်တဲ့ အချစ်သီချင်းလေး
Only You can love me this way လိုပဲ
ငါတစ်ယောက်ထဲချစ်နေတော့မယ်……
ဒါလေးတော့ ခွင့်ပြုပေါ့အချစ်ရယ်……
Comment #3
တကယ်တော့..နောင်ရယ်
ငါအရမ်းချစ်ခဲ့တဲ့ နင့်အတွက်
ငါရည်ရွယ်ခဲ့ဖူးတဲ့ ရင်ဘတ်တနေရာမှာ
ကွက်လပ်လေးသာ ရှိပါစေတော့..
ခံစားအားပေးနေလျှက်

Comment #4
ကောင်းလိုက်တဲ့ကဗျာလေး
ခံစားချက်တွေထိတယ်ဗျာ

Comment #5
hae,,,,,
heart hti twar p naw.

Comment #8
ko နှိုင်းခ …poem lay read lite tr…shwezin heart lay pr ngo twar p..kg lwan lozzzzzzz…^^

Comment #1
နှိုင်းခရေ … ခံစားချက်တွေထင်တယ် … 😛