တနင်္ဂနွေအမုန်း – နရီထက်
လေပြေတွေ ရောက်မလာဘူး
ပြတင်းတံခါးမခေါက်ဘဲ…
ငါ့ရှေ့မှာ လူအများကြီးရောက်နေသလိုပဲ…
နွေးထွေးမှု တစ်ဝက်တစ်ပျက်နှင့်
အထီးကျန်ဆန် အေးစက်လွန်တဲ့
ကော်ဖီတစ်ခွက်က ခါးသက်စိတ်ကလေးတွေ
မပေးစွမ်းနိုင်တော့ဘူး
နေသာ မကျ တကျ ရယ်…
လမ်းလျှောက်မထွက်ချင်တဲ့ ဦးနှောက်တွေက
ငါ့စိတ်တွေကို အရင်ကလို မသွက်လက်တော့ဘူး
ငါထင်နေတဲ့ သတင်းတစ်ပုဒ်က
မနက်ခင်းတိုင်း လွင့်နေတယ်…
အရေးကြီးခေါင်းစဉ်ဆိုလာပဲ…
ပန်းကလေးတွေ မပွင့်တော့ဘူး
ဌက်ကလေးတွေ တေးမဆိုတော့ဘူး
ကမ္ဘာအပြင်ဘက်မှာ ပျော်စရာ မရှိတော့ဘူး…
စနေမိုး မစဲဘူး
တနင်္ဂနွေမလွမ်းချင်ဘူး
လာခဲ့ပါ …. မဖိတ်ခေါ်ချင်ဘူး
သူစိမ်းဆန်လိုက်ချင်တယ်…
စနေည တိတ်ဆိတ်၏
တနင်္ဂနွေ ပြောင်းဆန်သည်
နောက်တစ်ပတ်မှာ…
တနင်္ဂနွေ… ရက်ပျောက်စေချင်သည်…
ယဉ်ယဉ်လေး အပြုံးနှင့်
တနင်္ဂနွေ က…
အမုန်းတွေ တစ်ပွေ့ကြီးနှင့်
ငါကို….
မောင်စိတ်ရိုင်းတဲ့….။ ။
နရီထက်
( ၁၀ ၊ သြဂုတ်လ ၊ ၂၀၁၁ )
Comment #3
အားပေးသွားပါတယ်အကိုကြီး…

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နွေးထွေးမှု တစ်ဝက်တစ်ပျက်နှင့်
အထီးကျန်ဆန် အေးစက်လွန်တဲ့
ကော်ဖီတစ်ခွက်က ခါးသက်စိတ်ကလေးတွေ
မပေးစွမ်းနိုင်တော့ဘူး
နေသာ မကျ တကျ ရယ်…
…………………………………
ဒါလည်းကောင်းတာပဲဗျ