ဝေးဝေးက ကြယ်
ဘယ်တော့ မှ ကြွေကျ မလာနိုင်တဲ့ ကြယ်လေးတစ်ပွင့်…
တစ်ခါ ကတော့
သူ့ ရဲ့ အလင်းမှာ ကိုယ် မက်မက်မောမော ခိုလှုံခဲ့ ဖူး ရဲ့…
အခုတော့
ကိုယ်တိုင်ခြားခဲ့ စည်းတစ်ခုမှာ
ဟိုဘက်…ဒီဘက်…
ဒုတိယလူ မဖြစ်ချင်ပါနဲ့ ကလေးရယ်
အဖြူ ဆွတ်ဆွတ်မှာ
ဒဏ်ရာတွေ စွန်းထင်းကုန်မှာ စိုးတယ်
ပိုးပေါက်တွေနဲ့ ပန်းတောင်
မွှေးရနံ့ရှိစမြဲ မဟုတ်လား
မြတ်နိုးရတဲ့ မျက်နက်ဝန်းလေး
ဟိုး အမြင့် မှာ ပဲ အိမ်ဖွဲ့
ပြိုးပြက် လင်းလက်နေပါစေလေ…။
Comment #5
no,,no,,,
stars will fall down sooner n later.
so try hard,
never give up.
By: ei lay at Aug 15, 2011
Comment #6
မြတ်နိုးရတဲ့ မျက်နက်ဝန်းလေး
ဟိုး အမြင့် မှာ ပဲ အိမ်ဖွဲ့
ပြိုးပြက် လင်းလက်နေပါစေလေ…။
ကောင်းတယ်ဗျာ။အားပေးသွားတယ်။
By: poem.poem28 at Aug 15, 2011
Comment #8
ကောင်းတယ်မကြီး ညီမလေးလာအားပေးသွားတယ်နော် 🙂
By: ohnmar kyaw at Aug 19, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကြယ်ကြွေ တာ မြင်ရင်ဆုတောင်းပြည့်တယ်တဲ့  😛