ကျွန်တော်…ရက်..စက်…ခဲ့..တယ်
မကြားချင်ပါဘူးဆိုမှ….. |
ကြားနိုင်စေတော့တွေးးးးးးး |
အနားကိုပြန်လာပေးဖို့ |
ကာရံအမျိုးမျိုးဖွဲ့..စာတွေသီလို့ |
မျက်ရည်လမ်း.ခင်းကာ ကြိုနေမိခဲ့သူ |
တကယ်ဆို…….. |
ကျွန်တော်…အလိုက်မသိခဲ့ဘူး။ |
မလိုချင်တော့ပါဘူး..ဆိုမှ |
ပြန်ကောက်ယူမလားမျှော် |
ပန်းဝေတွေဖို့… |
နင့်အပြုံး….တစက်တ၀က်လောက်…တမ်း |
တဖက်သတ်ဆန်ဆန်..အလွမ်းတွေ..သည်းခဲ့သူမို့ |
တကယ်တော့ |
ကျွန်တော်….အမြင်ကန်းခဲ့တယ်။ |
မချစ်တော့ပါဘူးဆိုမှ |
အခြားလက်ယှဉ်တွဲပျော် |
အနမ်းတွေလည်း…အဆိပ်တန်းဝင် |
အပြစ်တွေဖို့ခဲ့တာတောင်..ဒါ…တဒင်္ဂ |
သူ…အသစ်မရှာလောက်ဘူး…အထင်နဲ့ |
သူ..လာကမ်းမယ့်လက်ကိုမျှော် |
အအိပ်ပျက်အတွေးနဲ့..အဆိပ်တက် အလွမ်းသင့်ခဲ့ |
မကမ်းချင်လည်း..တမ်း |
မလွမ်းပေမယ့်…လှမ်းခဲ့ပါ |
သူမလာချင်တဲ့လမ်း…….. |
တငိုငို တစိုစို မျက်ရည်တွေခင်း |
တဖက်သတ်နဲ့ အရောက်ပြန်လာဖို့…မှန်းနေခဲ့ |
တကယ်……တော့…..ကျွန်တော်…ရက်စက်ခဲ့တယ်။
(ဟိုး..အရင်ကတည်းကရေးထားတာပါ..သက်ကြီးပွဲမထုတ်ဖြစ်ခဲ့တဲ့ကဗျာလေးပါ) |
Comment #2
မကြားချင်ပါဘူးဆိုမှ…..
ကြားနိုင်စေတော့တွေးးးးးးး
အနားကိုပြန်လာပေးဖို့
ကာရံအမျိုးမျိုးဖွဲ့..စာတွေသီလို့
မျက်ရည်လမ်း.ခင်းကာ ကြိုနေမိခဲ့သူ
တကယ်ဆို……..
ကျွန်တော်…အလိုက်မသိခဲ့ဘူး။
မမိုး…ကြိုက်တယ်အားပေးသွားတယ်။
By: poem.poem28 at Aug 16, 2011
Comment #3
ဟောင်းလည်း…ကောင်းဆဲပါပဲ……ဗျာ..
အားပေးသွားတယ်…..မကြီးမိုးရေ….
By: terry at Aug 16, 2011
Comment #6
အားပေးသွားပါတယ် ….လူတော်ကြီးရေ။
By: moehtetaung18 at Aug 16, 2011
Comment #8
ရက်စက်ခဲ့တယ်တဲ့လားဗျာ…
အားပေးသွားပါတယ် ။
By: X - ray at Aug 17, 2011
Comment #10
i agree with ko moe lu.
By: ei lay at Aug 30, 2011
Comment #11
မချစ်တော့ပါဘူးဆိုမှ
အခြားလက်ယှဉ်တွဲပျော်
အနမ်းတွေလည်း…အဆိပ်တန်းဝင်
အပြစ်တွေဖို့ခဲ့တာတောင်..ဒါ…တဒင်္ဂ
သူ…အသစ်မရှာလောက်ဘူး…အထင်နဲ့
သူ..လာကမ်းမယ့်လက်ကိုမျှော်
အအိပ်ပျက်အတွေးနဲ့..အဆိပ်တက် အလွမ်းသင့်ခဲ့
By: ငယ် at Sep 27, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နင့်အပြုံး….တစက်တ၀က်လောက်…တမ်း
တဖက်သတ်ဆန်ဆန်..အလွမ်းတွေ..သည်းခဲ့သူမို့
တကယ်တော့
ကျွန်တော်….အမြင်ကန်းခဲ့တယ်။
မိုက်တယ်ဗျာ…