အာကာသချစ်သူ
စကြာဝဠာ ဂလပ်ဆီထဲ မှာ
ကြယ်စင်တွေ အများကြီး
အဲ့ဒီကြယ်စင်တစ်ခုဖြစ်ဖို့
အလင်းနှစ်သန်းပေါင်းများစွာ စောင့်ရတယ်
အဲ့ဒီသန်းပေါင်း များစွာတည်ဆောက်ထားတဲ့
ကြယ်စင်တွေတောင်တစ်ချိန်မှာပျက်တာပဲ
ဒီမယ်ချစ်သူ
ငါနှလုံးသားဂလပ်ဆီထဲမှာ
အချစ်ဆိုတဲ့ ကြယ်စင်တစ်ခုရှိတယ်
မြင်မြင်ချင်းချစ်တယ်ဆိုပေမယ့်
ကြယ်စင်တွေ ထက် တည်တံတယ်
ခိုင်ခံတယ်
လင်းလက်တယ်
ဘယ်တော့မှ မပျောက်ပျက်ဘူးလေ
မင်းရဲ့ နှလုံးသား ကောင်းကင်ထဲ မှာ
ကိုယ့် ရဲ့ချစ်ခြင်းကြယ်စင်လေးကို
ထာဝရ လင်းလက် ခွင့်ပေးပါ….
ကမ္ဘာမြေကြီး၏
ခိုင်မြဲ ခြင်း
နေဂြိုလ် ၏ လင်းလက်ခြင်းတို့ကို
သက်သေတည်ပါသည်…။
ထိုသက်သေ မှန်ကန်ပါက
မနက်ခင်းမှာ နေမင်းသူရိန်ထွက်ပြီး
ညပိုင်းမှာ လမင်းစန္ဒာလင်းလက်ပါစေ…။။
Comment #2
Now big bigger biggest smile I have

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ha,,,ha,,,
a hote hmat nay tar..
taw taw nout de naw.
really really excellent.