ငါသိတယ် အဲဒါ… မင်းမဟုတ်ဘူး
အေးမြတဲ့အပြုံးတွေနဲ့
ဒဏ်ရာတွေဝေးစေခဲ့သူ….
ငါ့အသည်းကို အစိမ်းလိုက်ခွဲခဲ့တာ
အဲဒါ…. မင်းမဟုတ်ဘူးမလား…
စူးရှတဲ့အကြည့်တွေနဲ့
အိပ်မက်တွေသိမ်းပိုက်ခဲ့သူ….
စိမ်းကားမုန်းရက် နှုတ်ဆက်ခဲ့တာ
အဲဒါ…..မင်းမဟုတ်ဘူးမလား..
နူးညံ့တဲ့လက်တစ်စုံ….
နွေးထွေးတဲ့ နှလုံးသားတစ်ခု…..
ပြည့်စုံတဲ့အလှတရားတွေပိုင်ဆိုင်ထားတဲ့မင်း
အဲဒီလောက်မရက်စက်တတ်ဘူးဆိုတာ
ငါအသိဆုံး……..
ငါ့ဘ၀.. ငါ့အချစ်
ငါ့ရင်ခုန်သံငါ့နှလုံးသားတွေနဲ့
ငါယုံကြည်တပ်မက်ခဲ့တဲ့မင်း……..
ငါချစ်ခဲ့တဲ့မင်း……….
အကြင်နာတွေမကင်းမဲ့ဘူးဆိုတာ
ငါအသိဆုံး……..
မင်းမဟုတ်ဘူး………
အဲဒါမင်းမဟုတ်ဘူး………
ရင်ခုန်သံအသေတွေနဲ့
မွန်းကြပ်နေတဲ့အခန်းကျဉ်းထဲ
ဟက်တက်ကွဲနေတဲ့ငါ့နှလုံးသားကို
ငါကိုယ်တိုင်ကြည့်ပြီး
ခုထိရေရွတ်မိနေတုန်းပဲ….
ငါ့ကိုရက်စက်ခဲ့တာမင်းမဟုတ်ဘူး
သေချာတယ်…….
ငါသိတယ်
အဲဒါ…
မင်းမဟုတ်ဘူး………….။ ။
Comment #3
ကဗျာနောက်ဆုံးအပိုဒ်လေး တယ် ဖတ်လို့ကောင်းသဗျ အားပေးသွားပါတယ် ။
Comment #4
excellent.
excellent.
excellent.
excellent.
excellent.
Comment #6
i know it’s u.
Comment #1
အေးမြတဲ့အပြုံးတွေနဲ့
ဒဏ်ရာတွေဝေးစေခဲ့သူ….
ငါ့အသည်းကို အစိမ်းလိုက်ခွဲခဲ့တာ
အဲဒါ…. မင်းမဟုတ်ဘူးမလား…