ဒိုင်ယာရီရဲ့ နာကြဉ်းသံစဉ်…
မင်းရဲ့မာယာလက်အစုံနဲ့
ငါ့မာနတွေကိုတီးခတ်လိုက်တော့
မွေးဖွားလာတဲ့နာကြဉ်းသံတွေက
နားထောင်လို့တော့အကောင်းသား…….
တွန်းချဖို့မကြိုးစားနဲ့
ခုန်ချချင်လို့ ကမ်းပါးစွန်းမှာရပ်ခဲ့တာ…..
မြေကြီးနဲ့မထိခင်ခဏမှာ
လေဟုန်စီးရင်း ကြည်နူးသွားချင်သေးတယ်…
တတ်နိုင်ရင်တော့…..
ငါနဲ့ခပ်ဝေးဝေးမှာရပ်နေ…..
မင်းအချစ်ကိုကိုးကွယ်မယ့်အစား
ဒိုင်ယာရီကို ပြောင်းပြန်ဖတ်လိုက်ချင်တယ်
ဇာတ်သိမ်းခန်းကို သိပြီးမှ…
ပထမဆုံးစာမျက်နှာကို ပြန်တမ်းတတဲ့အရသာက
အသည်းကွဲရတာထက်တော့ ပိုချိုမှာအမှန်ပဲ………။ ။
Comment #4
တွန်းချဖို့မကြိုးစားနဲ့
ခုန်ချချင်လို့ ကမ်းပါးစွန်းမှာရပ်ခဲ့တာ…..
မြေကြီးနဲ့မထိခင်ခဏမှာ
လေဟုန်စီးရင်း ကြည်နူးသွားချင်သေးတယ်…
လန်းတယ်ဗျာ…

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မင်းအချစ်ကိုကိုးကွယ်မယ့်အစား
ဒိုင်ယာရီကို ပြောင်းပြန်ဖတ်လိုက်ချင်တယ်
ဇာတ်သိမ်းခန်းကို သိပြီးမှ…
ပထမဆုံးစာမျက်နှာကို ပြန်တမ်းတတဲ့အရသာက
အသည်းကွဲရတာထက်တော့ ပိုချိုမှာအမှန်ပဲ……